ယခင်နှစ်ထက် ၂၈ မှုတိုးလာ
Mi Thawdar Aung

၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ မုဒိမ်းမှုပေါင်း ၂၉၈ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၈ မှုတိုးလာခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။

၂၀၁၈ ခုနှစ်အတွင်း အမှုကြီးပေါင်း ၅၃၅ မှုဖြစ်ပွားပြီး လူသတ်မှု၊ ဓါးပြမှု၊လုယက်မှု၊ မုဒိမ်းမှု၊ ဖောက်ထွင်းမှု၊တိရစ္ဆာန်ခိုးမှု၊ လက်နက်မှုနဲ့ မတရားအသင်းအမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ လူသတ်မှု ၁၇၆ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၅၆ မှုဖြစ်ပွားခဲ့တာကြောင့် လူသတ်မှုပေါင်း ၂၀ တိုးလာခဲ့တယ်လို့သိရပါတယ်။



ဓါးပြမှု ၁ မှု၊ လုယက်မှု ၄၇ မှု၊ ဖောက်ထွင်းမှု ၃ မှု၊ တိရစ္ဆာန်ခိုးမှု ၆ မှု၊ လက်နက်မှု ၂ မှု၊ မတရားအသင်း ၂ မှုတို့ဖြစ်ပွားခဲ့ပြီး အမှုကြီး စုစုပေါင်း ၅၃၅ မှုဖြစ်ပွားခဲ့ပြီး အရင်နှစ်ထက် ၅၇ မှုတိုးလာခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ခိုးမှုတွေအပါအဝင် နာကျင်စေမှုနဲ့ အခြားအမှုပေါင်း ၁၇၂၃၂ မှုဖြစ်ပွားပြီး အရင်နှစ်ကထက် ၁၂၄၉ မှု တိုးလာခဲ့တာလည်းဖြစ်ပါတယ်။

လက်နက်ပုန်း၊ လောင်းကစား၊ ပြည့်တန်ဆာ၊ မူးယစ်ဆေးဝါး စတဲ့ ကြိုတင်ကာကွယ်မှု ၄၇၃၀၆ မှု လုပ်ဆောင်နိုင်ခဲ့ပြီး အရင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ကြိုတင်ကာကွယ်နိုင်မှု ၅၂၁၈ မှု လျော့ခဲ့တယ်လို့လည်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က