ဇန်နဝါရီလမှ ဇွန်လ(၈)ရက်နေ့ထိ (၇၄၃)ဦးဖြစ်ပွားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဟာ လူနေထူထပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းကလည်း အမြင့်ဆုံးနေရာမှာရှိနေတယ်လို့ သိရပါတယ်။

၂၀၁၉ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ (၇၃၄)ဦးရှိကာ(၈)ဦးသေးဆုံးခဲ့တယ်လို့သိရပါတယ်။



ဇွန်လ(၁၈)ရက်နေ့က ရန်ကုန်မြို့Melia Hotel မှာကျင်းပပြုလုပ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးပွဲနှင့်လုပ်ငန်းညှိုနှိုင်းဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား/သေဆုံးမှုရဲ့ ရှင်းလင်းချက်အရသိရခြင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဟာနှစ်စဉ်သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံးတိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ကျန်အဖြစ်အများဆုံးဒေသတွေက ဧရာဝတီတိုင်းဒေသကြီး ၊မွန်ပြည်နယ် ၊တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့ပင်ဖြစ်ပါတယ်။

“ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့က ယခု ၂၀၁၉ခုနှစ်မှာ ဇန်နဝါရီလကနေ ဇွန်လ(၈)ရက်နေ့ထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၃၁၄၄)ဦးရှိတယ်။ပြီးခဲ့တဲ့နှစ်ကလည်း ခုလိုအချိန်မှာ (၃၀၀၀)ဝန်းကျင်လောက်ဖြစ်ခဲ့တယ်ပေါ့နော်။ ပြီးခဲ့တဲ့နှစ်ထက် ဖြစ်ပွားမှု နှစ်ဆများလာတာမျိုးတွေဘာတွေတော့မရှိခဲ့ဘူး။တစ်နှစ်ပတ်လုံးအရ၂၀၁၇ခုနှစ်မှာ တစ်နိုင်ငံလုံးဖြစ်ပွားမှု သုံးသောင်းကျော်၊ ၂၀၁၈ခုနှစ်မှာ နှစ်သောင်းကျော်ဖြစ်ခဲ့တော့၊ဒီနှစ်မှာတော့ နှစ်စကတည်းက ကာကွယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတယ်”လို့ အခမ်းအနားကိုတက်ရောက်ဆွေးနွေးခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက် မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းက မီဒီယာတွေကိုပြောပါတယ်။



ရန်ကုန်တိုင်းဒေသကြီးက လူဦးရေအထူထပ်ဆုံးတိုင်းတစ်တိုင်းဖြစ်ပြီး အရင်နှစ်တွေရဲ့ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုတွေကိုကြည့်မယ်ဆိုရင် ရန်ကုန်မှာသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုက ဇူလိုင်လမှာအဖြစ်အများဆုံးဖြစ်နေပါတယ်။၂၀၁၆ကနေ ၂၀၁၉အထိ ၁နှစ်အောက်ကလေးတွေအဖြစ်များပြီး အခုဆိုရင်လည်း အသက် (၁၅)နှစ်အထက်တွေလည်းအဖြစ်များကာ အသက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါကို ၁၉၆၄ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးသေဆုံးမှုအများဆုံးခုနှစ်က ၁၉၉၄ခုနှစ်မှာ (၄၄၄) ဦးသေးဆုံးခဲ့ပြီး အဖြစ်အများဆုံးကတော့ ၂၀၁၅ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လူဦးရေ (၄၁၀၀၀)ကျော်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က