နှစ်စဉ် အစီး ၁၀၀၀ အထိ တိုးတက်ထုတ်လုပ်သွားဖို့ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်ဒီဇိုင်းနဲ့ မော်တော်ယာဉ် အစီးရေ ၁၀၀ မြောက်ကို တပ်မတော်အကြီးစားစက်ရုံကနေ ထုတ်လုပ်ပြီးစီးနိုင်ခဲ့ပြီလို့ သိရပါတယ်။



Photo - seniorgeneralminaunghlaing.com.mm

တပ်မတော်အကြီးစားစက်ရုံ(ထုံးဘို)ဟာ အရင်က အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပြီး Mazada Jeep၊ B -600၊ T-2000 မော်တော်ယာဉ်များ ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီတပ်မတော်စက်ရုံကို ၂၀၁၆ ခုနှစ်မှာ တပ်မတော်က လွှဲပြောင်းရယူခဲ့ပြီး ကားတွေထုတ်လုပ်ခဲ့တာမှာဒီဘဏ္ဍာနှစ်အတွင်း INLAY Jeep အစီး ၂၀၀ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ရည်ရွယ်ချက်အနေနဲ့ကတော့ နှစ်စဉ် အစီး ၁၀၀၀ အထိ တိုးတက်ထုတ်လုပ်သွားဖို့ရည်ရွယ်ထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ Website စာမျက်နှာမှာဖော်ပြထားပါတယ်။ စက်ရုံထဲမှာ အသုံးပြုနေတဲ့ စက်တွေကတော့ ၁၉၆၄ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်ကာလက ဂျပန်နိုင်ငံမှာ ထုတ်လုပ်ခဲ့တဲ့ OSAKA KOSAKUSHO ၊ HITACHI SEIKI ၊ MITSUBISHI ၊ OKUMA ၊ SHOUN ၊ OKK ၊ SEIKOSHA ၊ ROKU ROKU SANGVO ၊ YOSHIDA ၊ TOKUSHU KOKI SEISA KUSHO ၊ TSOGAMI ၊ TOYOKOGVO စတဲ့စက်တွေပဲဖြစ်ပါတယ်။

Photo - seniorgeneralminaunghlaing.com.mm

စက်ရုံက စက်အဟောင်းတွေကို ပြန်လည်ပြုပြင်ပြီး မော်တော်ယာဉ်တွေ အင်ဂျင်နဲ့ စက်ပစ္စည်း အစိတ်အပိုင်းတွေထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံအတွက် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က