ပုံမှန် weekend တွေမှာလည်း လူအများအပြားလာလေ့ရှိနေတယ်လို့သိရပါသေးတယ်။

ပင်လယ်ကမ်းခြေကတော့ စတင်လူသိလာတာ ၂နှစ်ကျော် ၃နှစ်ဝန်းကျင်ရှိလာပေမယ့် ဒီကမ်းခြေဟာ ပညာရှင် တွေ တွက်ချက်ထားပုံအရ နောက်ထပ် တည်ရှိနိုင်လည်း ၄နှစ်၅နှစ်လောက်သာ ဆက်လက် တည်ရှိနိုင်တယ်လို့ လည်း ဦးအောင်မင်းမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလအတွင်း လူစုလူဝေး ဖြစ်ပေါ်စေမယ့် ဘုရားတွေ၊ ရုပ်ရှင်ရုံတွေ၊ကမ်းခြေတွေ စတဲ့ နေရာတွေ အားလုံးကို ယာယီပိတ်ထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ အစိုးရရုံးပိတ်ရက် ၄ရက်မှာ အများပြည်သူအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်က ဆယ်အိမ်တန်း ပင်လယ်ကမ်းခြေကို သွားရောက်လည်ပတ်ခဲ့ကြပြီး လူပေါင်း သောင်းနဲ့ချီ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပါတယ်။



“ဆယ်အိမ်တန်းကမ်းခြေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်ထဲမှာ မရှိဘူး။ကိုဗစ်ကာလမှာ သူ့ကို ပိတ်ထားပေမယ့်လည်း နောက်ပိုင်းမှာ ကိုဗစ်က ပေါ့ပေါ့လျော့လျော့ ဖြစ်လာတဲ့ အနေအထားမှာတော့ လူတွေ ပြန်ရောက်လာပြီး အခုလို စည်ကမ်းမဲ့တာပါ။ အကြောင်းကလည်း သူက တရားဝင်ကမ်းခြေမဟုတ်တော့ သူ့ကို အမြဲတမ်းကြီး ပိတ်ထားလို့လည်း မရဘူး ဖြစ်နေပါတယ်။”လို့ ကွမ်းခြံကုန်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးအောင်မင်းမင်းက Duwun ကို ပြောပါတယ်။

မနေ့က ဝါဆိုလပြည့်နေ့ အစိုးရရုံးပိတ်ရက်ဖြစ်တာကြောင့် လူပေါင်း သောင်းနဲ့ချီ လာရောက်ခဲ့ကြပြီး ဒီလို လူပေါင်း သောင်းနဲ့ချီ စုဝေးတဲ့အချိန်က သင်္ကြန်ကာလသာကြုံခဲ့ဖူးပေမယ့် အခုလို ကိုဗစ်ကာလ အခြားအပန်းဖြေ နေရာများ ပိတ်ထားချိန်မှာတော့ ရုတ်တရက် လူများသွားတာလို့လည်း ဦးအောင်မင်းမင်းက ဆက်လက်သုံးသပ် ပြောပါတယ်။

“စနေ၊တနင်္ဂနွေနေ့တွေဆို ပုံမှန် ၂သောင်း၊၃သောင်းလောက်လာကြတယ်။အခုလို ကာလမှာ အားလုံးပိတ်ထားချိန် မှာတော့ ကျွန်တော်လည်း သေချာတော့ တွက်ချက်ထားတာ မရှိပေမယ့် ပုံတွေမှာ မြင်ရတဲ့အတိုင်းဆို ၅သောင်းကျော် ၇သောင်းနီးနီးလောက်ရှိနိုင်ပါတယ်။”လို့ ဦးအောင်မင်းမင်းက ဆက်လက်ပြောပါတယ်။

ဆယ်အိမ်တန်းကမ်းခြေက တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်ရထားတဲ့ကမ်းခြေမဟုတ်တဲ့အ တွက် ကမ်းခြေတစ်ခုမှာ ရှိသင့်တဲ့ မီးပြတိုက်၊အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊စတဲ့ လုံခြုံရေးတွေလည်း တရားဝင် မရှိဘူးလို့လည်း သိရပါတယ်။

“ပြည်သူလူထုကတော့ ကိုဗစ်ကာလမှာ အစိုးရထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးစေချင်ပါတယ်။ဒါက လည်း ပြည်သူတွေအတွက်ပဲ ပြောတာပါ။ ကျွန်တော်တို့ကလည်း အုပ်ချုပ်ရေးပိုင်းမဟုတ်တော့ အကြံပြုလို့ပဲရ တယ်။ဒီအပေါ်မှာတော့ ကျွန်တော့်အနေနဲ့ ဒီကမ်းခြေကို တိုင်းဒေသကြီး အစိုးရရဲ့ လက်အောက်ကိုထည့်ပြီး အစိုးရ စီမံခန့်ခွဲမှုလုပ်ဖို့ လွှတ်တော်မှာ တင်ပြထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ဒီအပေါ်မှာ ပြင်ဆင်နေပြီး အခုလို ကိုဗစ်ဖြစ်ချိန်မှာ လုပ်ငန်းတွေ နှောင့်နှေးသွားတာလည်း ပါပါတယ်။”လို့ ဦးအောင်မင်းမင်းက ဆက်လက် ပြောပါတယ်။

ပင်လယ်ကမ်းခြေကတော့ စတင်လူသိလာတာ ၂ နှစ်ကျော် ၃ နှစ်ဝန်းကျင် ရှိလာပေမယ့် ဒီကမ်းခြေဟာ ပညာရှင်တွေ တွက်ချက်ထားပုံအရ နောက်ထပ် တည်ရှိနိုင်လည်း ၄ နှစ် ၅နှစ်လောက်သာ ဆက်လက် တည်ရှိနိုင်တယ်လို့ လည်း ဦးအောင်မင်းမင်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က