အကောင်ရေ အတော်နည်းပါးနေပြီဖြစ်ပါတယ်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဆင်သေကျေးရွာမှာ ရှားပါး ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ WCS Myanmar ကနေ ဖော်ပြထားပါတယ်။ လင်းပိုင်သေတွေ့ရှိချိန်မှာ ပုတ်ပွနေပြီး အပေါ်အရေခွံတွေ မပါရှိတော့ဘဲ စဉ့်ကူးမြို့နယ်အနီး ဧရာဝတီမြစ်အတွင်းမျောပါနေရာကနေ တွေ့ရှိခဲ့ပါတယ်။

အခုကာလက မြစ်ရေတိုးပြီး ချောင်းပေါက်မြောင်းပေါက်တွေ ပေါများပြီး လင်းပိုင်တွေ ချောင်းပေါက် မြောင်းပေါက်တွေအတွင်း ပိတ်ဆို့ထားတဲ့ ငါးဖမ်းပိုက်တွေမှာ ညိတွယ်သေဆုံးတတ်တဲ့အပြင် ရှော့တိုက်ငါးဖမ်းဆီးမှုတွေကြောင့် သေဆုံးခြင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“လင်းပိုင်က တစ်နှစ်ကို ၃ ကောင်လောက် သေဆုံးနေပြီး သားပေါက်တာက တစ်နှစ်ကို ၃ ကောင်လောက် ပေါက်နေပါတယ်။ ကျွန်တော်တို့ တစ်နှစ်ကို တခေါက် မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ ငါးရင်းငါးသန်ကာလမှာ ငါးသယံဇာတနဲ့ တရားမဝင်ငါးဖမ်းဆီးမှုမရှိရေးကိုပညာပေးတွေ လုပ်ပါတယ်။” WCS Myanmar မှ စိမံကိန်းမန်နေဂျာ ဦးကျော်လှသိန်းက ပြောပါတယ်။

WCS Myanmar ကနေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ ကောက်ခံထားတဲ့ အချက်အလက်အရ လက်ရှိမြန်မာနိုင်ငံမှာ ဧရာဝတီလင်းပိုင် အကောင် ၇၆ ကောင်ရှိပြီး မန္တလေးကျောက်မြောင်းကြားမှာ လင်းပိုင် ၂၆ ကောင်၊ ထီးချိုင်နဲ့ ရွှေကူကြားမှာ ၃၇ ကောင်၊ ဒုတိယမြစ်ကျင်းနဲ့ ဗန်းမော်ကြားမှာ ၁၄ ကောင်ခန့်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ လင်းပိုင်တွေများတဲ့ နေရာဖြစ်တဲ့  ထီးချိုင်နဲ့ ရွှေကူကြားမှာ လင်းပိုင်ထိန်းသိမ်းရေးဧရိယာအဖြစ် သတ်မှတ်ဖို့ စီစဉ်နေပါတယ်။

Share

Loading Next Article...
က္က