စိုးရိမ်ရတဲ့အခြေအနေမဟုတ်ဘူးလို့ ဆေးရုံက ပြောပါတယ်။

‌ဝေဘာဂီဆေးရုံကို ရောက်ရှိလာတဲ့ ကိုရိုနာဗိုင်းရက်စ် သံသယရှိ တရုတ်အမျိုးသားကို အချိန်ပြည့် စစ်ဆေးစောင့်ကြည့်နေပြီး မြန်မာအမျိုးသား နှစ်ယောက်ကိုတော့ လေယာဥ်တစ်စီးတည်း ပါလာတဲ့အတွက် စောင့်ကြည့်ရတာဖြစ်ကြောင်း ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ မင်္ဂလာဒုံလေဆိပ်ကိုဆိုက်ရောက်လာတဲ့ လေယာက်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေထဲကမှ

တရုတ်အမျိုးသားတစ်ဦးနဲ့ မြန်မာအမျိုးသားနှစ်ဦးကို ‌မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံမှာ စစ်ဆေးစောင့်ကြည့်နေပါတယ်။

“တရုတ်အမျိုးသားကလည်း စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ပါဘူး။ နှစ်နာရီခြားတစ်ခါ အဖျားတိုင်းနေတယ်။ ချောင်းဆိုး လည်ချောင်းနာ အဲဒီလောက်ပဲ ။ မြန်မာအမျိုးသားနှစ်ယောက်ကိုလည်း လေယာဉ်တစ်စီးတည်း စီးလာတာဆိုတော့ စိတ်ချရအောင် စစ်ဆေးခေါ်ထားတဲ့သဘောပါ။ မြန်မာနှစ်ယောက်ကို တစ်ခန်း၊ တရုတ်အမျိုးသားကို တစ်ခန်းသီးသန့်ထားတားတယ်။ တရုတ်အမျိုးသားရဲ့ သွေးကိုတော့ ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ မြန်မာအမျိုးသားသွေးဌာနကိုပို့ပြီး ထိုင်းကိုပို့ပြီး စစ်ဆေးသွားမယ်။ ၁၄ရက်အတွင်းကတော့ သူတို့ကို ဒီကနေ ဘယ်မှသွားခွင့်ပေးမှာတော့ မဟုတ်ပါဘူး”လို့ ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၃၁)ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ မင်္ဂလာဒုံလေဆိပ်ကိုဆိုက်ရောက်လာတဲ့ လေယာဥ်မှာ ကိုရိုနာဗိုင်းရက်စ သံသယလူနာ တွေ့ရှိရတာကြောင့် ကျန်တဲ့ခရီးသည်သည်တွေကို လေယာဉ်နဲ့ ပြန်လွှတ်လိုက်ပြီလို့ ဆိုပါတယ်။ 

“ကျွန်တော်အခု ဆေးရုံကိုရောက်လာတာက ဒါကကျွန်တော့် နယ်မြေဖြစ်တယ်။ အခုကိစ္စမှာ ကျွန်တော်သိသလောက်ပြောရရင် မနက်ကဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာ သံသယလူနာ မြန်မာနှစ်ဦးနဲ့ တရုတ်တစ်ဦးကို အခုဝေဘာဂီမှာခေါ်ထားတယ်။ ကျန်တဲ့ ခရီးသည်တွေကိုတော့ဆိုက်ရောက်လာတဲ့လေယာဉ်နဲ့ပဲ တစ်ခါတည်းပြန်လွှတ်လိုက်ပြီ” မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)မှ ဦးဇော်လွင်က ပြောပါတယ်။

ဒါပေမဲ့ မြန်မာအမျိုးသား နှစ်ဦးကို လေယာဥ်တစ်စင်းတည်း စီးလာတာမို့လို့ စိတ်ချရအောင် စစ်ဆေးတဲ့သဘောလို့ သိရပြီး သူတို့နှစ်ဦးနဲ့ သံသယလူနာ တရုတ်အမျိုးသားကို ၁၄ ရက်တိတိ ဆေးရုံမှာ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဝေဘာဂီဆေးရုံက အတည်ပြုပြောကြားလိုက်ပါတယ်။

Share

Loading Next Article...
က္က