လေဆိပ်မှာ အသုံးပြုနေတဲ့ ပစ္စည်း‌အချို့ကို ‌ဝေဘာဂီဆေးရုံအတွက် အသုံးပြုခွင့်ရဖို့ ‌တောင်းဆိုထားပါတယ်။
Kyaw Ko Ko Sint

လက်ရှိလူနာအနေအထားအတွက် ဆရာဝန်အင်အားလုံလောက်မှု ရှိပေမယ့်လည်း တိုးလာခဲ့ရင် လူနာနဲ့ သန့်ရှင်းရေးဝန်ထမ်းတွေအကြား ရောဂါပိုး မကူးစက်စေဖို့ ပိုမို စိတ်ချရမယ့် အဆင့်မြင့် သန့်ရှင်းရေးသုံးပစ္စည်းတွေလည်း လိုအပ်ချက်ရှိနေပါတယ်။

ရောဂါပိုးအတည်ပြုလူနာ ၆၈ဦးကို လက်ခံကုသမှုပေးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်က ဝေဘာဂီဆေးရုံကြီးမှာ ဆရာဝန်အပါအဝင် ဆေးပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းတွေ လိုအပ်ချက် ရှိလာနိုင်တယ်လို့ ပါမောက္ခ ‌ဒေါက်တာဒေါ်စံပယ်ဖြူက ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အွန်လိုင်း အစည်း အဝေးမှာ တင်ပြသွားခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဆေးကုသမှုအပိုင်းနဲ့ ဆေးပစ္စည်းလိုအပ်ချက်ကတော့ အဆင်ပြေနေသေးပြီး လူနာအရေ အတွက် ထပ်တိုးလာမယ်ဆိုရင် လိုအပ်ချက်တွေ ရှိလာနိုင်တဲ့အကြောင်း တင်ပြသွားတာပါ။

“ဝေဘာဂီဆေးရုံမှာ ဆရာဝန်အင်အား ၃၃ယောက်၊ဆရာမအင်အား ၄၀ခန့်နဲ့ လုပ်ကိုင်နေရပါတယ်။လူနာတွေ ထပ်တိုးလာမယ်ဆိုရင် လက်ရှိမှာ အထူးကုဆရာဝန် ၆ဦးရှိပြီး ၉ဦးလောက်ဆို အဆင်ပြေ ချော‌ချောမွေ့မွေ့ လုပ်နိုင်ပါပြီ။နောက်ပြီး လက်ထောက်ဆရာဝန် ၂၀ ကျော်ရထားပြီး ၃၀လောက်ဆို အဆင်ပြေပါပြီ။ဆေးပစ္စည်းပိုင်းမှာလည်း လက်ရှိ မေ့ဆေးအဖွဲ့က လူနာ ၂ယောက် ၃ယောက်လောက်ပဲရှိသေးတော့ အဆင်ပြေနေပြီး ၁၂ ယောက်အထိ အဆင်ပြေနိုင်ပါတယ်၊အဲ့ထက်ပိုလာရင်တော့ လူအင်အားလိုနိုင်ပါတယ်။နောက်ထပ် အရေး ကြီးလိုအပ်ချက်ကတော့ သန့်ရှင်းရေး ဝန်ထမ်းတွေအတွက် အဆင့်မြင့် အထောက်အကူပစ္စည်းတွေပါ။လက်ရှိ အသုံးပြုနေတဲ့ ပစ္စည်းတွေက လူနာတွေနဲ့ ထိတွေ့မှု အရမ်းရှိနေလို့ လေ ဆိပ်မှာ သုံးနေတဲ့ သန့်ရှင်းရေး ပစ္စည်း တွေသာ အသုံးပြုခွင့်ရမယ်ဆိုရင် အရမ်းအဆင်ပြေသွားမှာပါ။နောက်ပြီး ထမင်းဗူးတွေပို့ပေးတဲ့နေရာမှာလည်း ထရော်လီလေးတွေနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။”လို့ ပါမောက္ခဒေါက်တာ ဒေါ်စံပယ်ဖြူက နိုင်ငံတော် အတိုင်ပင်ခံကို တင်ပြသွားတာပါ။

ဝေဘာဂီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ COVID-19 ရောဂါပိုးတွေ့ရှိထားတဲ့ လူနာတွေမှာ မူလ ရောဂါအခံရှိ သူအချို့လည်း ရှိတာကြောင့် သူတို့ရဲ့ အခြားသော မူလရောဂါတွေကိုလည်း ကုသပေးနေရတယ်လို့ သိရပါသေး တယ်။

ဒါ့အပြင် မျက်နှာဖုံးN-95အစစ်တွေ ရှားသွားပြီ ဖြစ်သလို ဆေးရုံမှာလည်း နောက်ထပ် ၃ပတ်စာလောက်သာ အသုံးပြုဖို့ကျန်တော့ပြီး PPE ဝတ်စုံတွေကိုလည်း တစ်နေ့ အစုံ ၇၀လောက် အသုံးပြုနေရလို့ နောက်ထပ် တစ်လစာလောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။

ဝေဘာဂီဆေးရုံမှာ လူနာဆောင် ၃ဆောင်ရှိပြီး လက်ခံကုသပေးနိုင်တဲ့ လူနာအရေအတွက်က အယောက် ၉၀ စာ လက်ခံကုသပေးနိုင်ရာမှာ ၆၈ဦး တက်ရောက်ကုသမှုခံနေရပြီလို့လည်း သိရပါတယ်။

ဒီအခြေအနေမှာ ICUအခန်းထဲမှာ လူနာ တစ်ဦးသာရှိတော့ပြီး လူနာ ၇ဦးလောက်သာ အနည်းငယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေကာ ကျန်လူနာများ ကျန်းမာရေး ကောင်းမွန်တယ်လို့လည်း ပါမောက္ခဒေါက်တာ ဒေါ်စံပယ်ဖြူ ရဲ့ ပြောပြချက်အရ သိရပါတယ်။

ပါမောက္ခဒေါက်တာ ဒေါ်စံပယ်ဖြူရဲ့ တင်ပြမှုတွေအပေါ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးနဲ့ ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မလဲဆိုတာကို တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ပေးသွားမယ် လို့ ဖြေကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က