ကျူးကျော်အိမ်တွေလောင်ကျွမ်းခဲ့တာပါ။
Ei Ei Htun

ကျူးအိမ်တစ်အိမ်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရှိ ကျူးကျော်အိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ်(၁၀၀)ကျော်ဆုံးရှုံးခဲ့ပြီးတော့ တာဝန်ရှိသူတွေအနေနဲ့ အိမ်ခြေစာရင်းအတိအကျနဲ့ မီးလောင်ရတဲ့ အကြောင်းအရင်းကို စစ်ဆေးဆောင်ရွက်လျှက်ရှိနေပါတယ်။

photo- Myanmar Fair Services Department

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက် ၊ဆိပ်ကမ်းသာလမ်းမှာ ဒီကနေ့ နိုဝင်ဘာလ(၂၁)ရက်နေ့ မွန်းလွဲ ၁၂နာရီ မိနစ် ၄၀ ဝန်းကျင်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို အစောပိုင်းမှာ Level1 အုပ်စုယာဉ်များထွက်ခွာ မီးငြှိမ်းသတ်ခဲ့ပြီး ၁၂နာရီ ၅၀မိနစ်မှာတော့ Level 2အုပ်စုယာဉ်များထွက်ခွာ မီးငြှိမ်းသတ်ခဲ့ရတာပါ။

“ ကျူးကျော်တဲက စလောင်ပြီး ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကျူးကျော်အိမ်တွေပါအကုန်ကူးကုန်တာ၊ အခုလက်ရှိထိတော့ အိမ်ခြေ (၁၂၀)လောက်လောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။ အတိအကျတော့ မသိရသေးဘူး။အခုမှ အကုန်စာရင်းကောက်တုန်းဆိုတော့ “ လို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

photo- Myanmar Fair Services Department

အဆိုပါမီးလောင်မှုဟာ အချိန် နာရီဝက်ကျော်ကြာလောင်ကျွမ်းခဲ့ပြီး Level 2အုပ်စုယာဉ်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ်(၁)နာရီ (၂၇)မိနစ်အချိန်မှာ မီးငြိမ်းခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းကိုစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိမှာတော့ မီးထဲပါသွားတဲ့ ကျူးကျော်အိမ်တွေက ပြည်သူတွေအနေနဲ့ နေထိုင်ရေးအခက်ခဲရှိနေတယ်လို့သိရပါတယ်။ ဆုံးရှုံးမှုတန်ဖိုးနဲ့ အိမ်ခြေအတိအကျကိုတော့ ညနေပိုင်းလောက်မှ စာရင်းအတိအကျထုတ်နိုင်မှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


က္က