မြန်မာနိုင်ငံမှာလည်းကြိုတင်ကာကွယ်မှုတွေလုပ်နေပါပြီ။

နယ်စပ်ကအသားတင်သွင်းခွင့်တွေကိုပိတ်ပင်ထားပြီး ပြည်တွင်းမှာလည်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံဌာနအနေနဲ့ နေ့စဉ်သားထုတ်တဲ့အခါမှာ ဒီရောဂါတွေပေါ်မူတည်ပြီး သေချာဂရုတစိုက်စစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံဌာနမှ ဌာနမှူး ဦးမင်းအောင်ကပြောပါတယ်။

တရုတ်ပြည်မှာအဖြစ်များနေတဲ့ အာဖရိက ဝက်တုပ်ကွေးကြောင့် မြန်မာနိုင်ငံအတွင်းကို နယ်စပ်မှာရှိတဲ့ အသားတင်သွင်းခွင့်အားလုံးကိုပိတ်ပင်ထားတယ်လို့ သြဂုတ်လ(၅)ရက်နေ့ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ မြို့တော်စည်ပင် သတင်းစာရှင်းလင်းပွဲမှာ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံဌာနမှ ဌာနမှူး ဦးမင်းအောင်က မီဒီယာတွေကိုပြောပါတယ်။



“ အာဖရိက အပြင်းဖျားဝက်ရောဂါဆိုတာ တရုတ်ပြည်မှာပဲ အဖြစ်များပါတယ်။ အခုတောင်ဒီရောဂါက ယူနန်ထိရောက်နေပြီလို့ သတင်းကြားထားတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက နယ်စပ်မှာရှိတဲ့ အသားတင်သွင်းခွင့် အားလုံးကိုပိတ်ပင်ထားတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့လည်းကြိုတင်ပြင်ဆင်မှုတွေလုပ်ထားတယ်” လို့ ဦးမင်းအောင်က ပြောပါတယ်။

ယူနန်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့မြောက်ဘက်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံဌာနအနေနဲ့ နေ့စဉ်သားထုတ်တဲ့အခါမှာ ဒီရောဂါတွေပေါ်မူတည်ပြီး သေချာဂရုတစ်စိုက်စစ်ေဆေးမှုတွေဆောင်ရွက်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလိုရောဂါဆိုတာဖြစ်တာနဲ့တပြိုင်နက် ခြံလိုက်ပြုတ်တဲ့ရောဂါမျိုးဖြစ်တဲ့အတွက် သိသာထင်ရှားတဲ့ အနေအထားရှိတယ်လို့ ဌာနမှူး ဦးမင်းအောင်က ပြောပါတယ်။ ဝက်တုပ်ကွေးရောဂါဟာ တစ်ကောင်တစ်လေဖြစ်ပွားတဲ့ ရေဂါမျိုးမဟုတ်ဘဲ နယ်မြေအလိုက်၊ ခြံအလိုက်မျိုးသုဉ်းတဲ့ရောဂါတစ်မျိုးပါ။ ရန်ကုန်မှာတော့ ဒီရောဂါလုံးဝမရောက်ရှိသေးဘူးလို့ ဦးမင်းအောင်ကပြောပါတယ်။

ရန်ကုန်မှာတော့ဝက်သားထုတ်လုပ်ရေးနေရာ (၂) နေရာရှိပြီး ရွာသားကြီးဝက်သားထုတ်လုပ်ရေးရုံက တစ်နေ့ကို အကောင်(၄၅၀) နဲ့ (၅၅၀)ကြားမှာ ထုတ်လုပ်လျှက်ရှိနေပါတယ်။ ဒုတိယသားထုတ်လုပ်ရေးရုံဖြစ်တဲ့ အင်းစိန်ရွာမဝက်သားထုတ်လုပ်ရေးရုံကတော့ တစ်နေ့ကို အကောင်ရေ (၉၀၀)နဲ့ (၁၀၀၀)ကြားထုတ်လုပ်လျှက်ရှိနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က