ရန်ကုန်မြို့တော်စည်ပင်ကဆောင်ရွက်သွားမှာပါ။
Ei Ei Htun

ရန်ကုန်မြို့တော်အတွင်းမှာ ဆက်သွယ်ရေးကုမ္ပဏီတချို့က သက်ဆိုင်ရာခွင့်ပြုချက်တွေမရှိဘဲ ဆက်သွယ်ရေး Fiber ကြိုးများကို တပ်ဆင်ဆောင်ရွက်လျှက်ရှိနေပါတယ်။

ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီတချို့ဟာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း Fiber Optic Cable နှင့် ဆက်စပ်ဆယ်သွယ်ရေးပစ္စည်းများ၊ Wifi ချိတ်ဆက်မှု ကိရိယာများတပ်ဆင်ချိတ်ဆွဲခြင်းနဲ့ ဆက်သွယ်ရေးတိုင်များစိုက်ထူခြင်းတို့ကိုတရားဝင်ခွင့်ပြုချက်မရှိဘဲ တပ်ဆင်ဆောင်ရွက်လျှက်ရှိတာကြောင့် အခုလိုဆောင်ရွက်ထားတာတွေကိုတွေ့ရှိပါက ရှင်းလင်းဖယ်ရှားသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားပါတယ်။ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီဟာ ဆက်သွယ်ရေးကွန်ရက်များအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် Fiber Cable များစနစ်တကျသွယ်တန်းခြင်းကို တင်ဒါခေါ်ယူဆောင်ရွက်လျှက်ရှိနေတာလည်းဖြစ်ပါတယ်။

“ အစ်မတို့ ထုတ်ပြန်ကြေညာထားတဲ့အတိုင်းပဲ ခွင့်ပြုချက်မရှိဆောင်ရွက်ထားတဲ့ ဆက်သွယ်ရေးနဲ့ ပတ်သက်တဲ့ ဟာတွေကိုအကုန်ရှင်းလင်းသွားမှာပါ” လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ခွင့်ပြုချက်မရှိဘဲ Fiber ကြိုးများသွယ်တန်းထားမှုကြောင့် ဝန်နဲ့အားညီမျှမှုမရှိဘဲ အန္တရာယ်ရှိလာနိုင်တာကြောင့် အခုလိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာချက်မှာပါရှိပါတယ်။ ရန်ကုန်မြို့တော်နေ ပြည်သူတွေအနေနဲ့ကလည်း တရားဝင်ခွင့်ပြုချက် ရယူထားခြင်းမရှိတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုကြရန်ကိုလည်း အသိပေးနှိုးဆော်ထားပါတယ်။


က္က