၆၃ ဦးလိုက်ပါလာဖို့ရှိတယ်လို့ မြန်မာအစိုးရကသတင်းထုတ်ပြန်ထားပေမယ့်လည်း တကယ်တမ်းရောက်ရှိလာတာမှာတော့ ၅၉ ဦးပဲရှိတယ်လို့သိရပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၂ရက်နေ့မှာ တရုတ်အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဝူဟန်မြို့ရောက်မြန်မာကျောင်းသားတွေကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ စုစုပေါင်းကျောင်းသားကျောင်းသူ ၆၃ ဦးလိုက်ပါလာဖို့ရှိတယ်လို့ မြန်မာအစိုးရက ကနဦးသတင်းထုတ်ပြန်ထားပေမယ့်လည်း မြန်မာ နိုင်ငံကို တကယ်တမ်းရောက်ရှိလာတာမှာတော့ ၅၉ ဦးပဲရှိတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၂ရက်နေ့မှာ တရုတ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဝူဟန်မြို့ရောက် မြန်မာကျောင်းသားတွေကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်လာခဲ့ကြပါတယ်။ မြန်မာအစိုးရရဲ့ ကနဦးသတင်းတွေအရ စုစုပေါင်းကျောင်းသားဦးရေ ၆၃ ဦးပါဝင်လိုက်ပါလာမယ်လို့ သိရပေမယ့်လည်း တကယ်တမ်း ပြန်ပါလာသူဦးရေက‌ေတာ့ ၅၉ ဦးလို့ သိရပါတယ်။








ဒါနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံခြားရေး၀န်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းသတင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှာပိတ်မိနေတဲ့ မြန်မာပညာသင် ၆၃ ဦးထဲက ၅၉ ဦးဟာ ဒီကနေ့မနက် ၄ နာရီ ၁၅ မိနစ်အချိန်မှာ ဝူဟန်မြို့ကနေ မန္တေးလမြို့ဆီ အထူးလေယာဉ်နဲ့ပြန်လည်ရောက်ခဲ့ကြောင်း၊ ကျန်ရစ်ခဲ့သူတွေထဲကမှ တစ်ဦးက တရုတ်နိုင်ငံရဲ့လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာစည်းမျဉ်း စည်းကမ်းတွေနဲ့မညီညွတ်တဲ့အကြောင်းပြချက်နဲ့ လည်းကောင်း ၊ နောက်တစ်ဦးက ပြည်နယ်ပြင်ပရောက်ရှိနေတဲ့အတွက်ကြောင့်ဖြစ်ပြီး ကျန်နှစ်ဦးကတော့ ကိုယ်အပူချိန်မြင့်မားနေလို့ ကျန်းမာရေးစောင့်ရှောက် မှုခံယူဖိုလိုအပ်နေလို့ လိုက်ပါလာနိုင်ခြင်းမရှိတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။



မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာတဲ့ကျောင်းသူကျောင်းသားတွေကိုတော့ မန္တလေး ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းက ကန်တော်နဒီဆေးရုံမှာ သီးခြား ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့စောင့်ကြည့်မှုလုပ်ငန်းစဉ်တွေကို စနစ်တကျဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံခြားရေး၀န်ကြီးဌာ နကပြောထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က