Everest မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ကFord Everest Trend ကားသစ်ကြီးတွေကို အထူးဈေးနှုန်း $ 47,500 နဲ့ ရရှိနိုင်မှာပါ။
Ye Yint Htay

အမေရိကန်နိုင်ံငံထုတ် Ford ကားတွေဆိုတာ ကားချစ်သူတွေနဲ့ ယာဉ်မောင်းတွေအတွက်တော့ လက်မလွှတ်နိုင်တဲ့ကားအမျိုးအစားပါ။

၂၀၂၀မှာလည်း Ford ချစ်သူတွေအတွက် Ford Everest Trend ကားအမျိုးအစားအသစ်ကို ဖန်တီးထုတ်လုပ်ထားပြန်ပါပြီ။ နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့ Ford Everest Trend ကို မြန်မာနိုင်ငံက Ford ချစ်သူတွေ ဈေးနှုန်းချိုသာစွာနဲ့ရရှိနိုင်ဖို့နဲ့ Ford Myanmar ကလည်း ဇွန်လထဲမှာ အစီအစဉ်တစ်ခုလုပ်ထားပါတယ်။ 

ဒီအစီအစဉ်ကတော့ ဇွန်လ ၁ရက်နေ့ကနေ ၁၄ရက်နေ့အထိ Everest မျိုးဆက်ရဲ့နောက်ဆုံးမျိုးဆက်ကFord Everest Trend ကားသစ်ကြီးတွေကို အထူးဈေးနှုန်း $ 47,500 နဲ့ ရရှိနိုင်မှာပါ။ Everest Series ထဲမှာ Everest Trend က 6 Speed Automatic Transmission 2WD အမျိုးအစားဖြစ်ပါတယ်။ လုံခြုံရေးစနစ်တွေက Anti-Lock Brake System(ABS) နဲ့ Electronic Power Assisted Steering (EPAS) တို့လို အဆင့်မြင့်နည်းစနစ်တွေသုံးထားတာပါ။ ဒါ့အပြင် ယာဉ်မောင်းသူတိုင်းရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ မောလမ်းအပေါ် အာရုံစူးစိုက်နိုင်စေရန်ပြင်ပ ဆူညံသတွေ မဝင်ရောက်နိုင်အောင် လျှော့ချပေးတဲ့ Active Noise Cancellation လည်းထည့်သွင်းအသုံးပြုပေးထားပါတယ်လို့သိရပါတယ်။ 

 အမြင့်ဆုံးကုန်တင်နိုင်စွမ်းက ၇၅၀ ကီလိုဂရမ်ထိရှိတာကြောင့် မိသားစုတွေအတူတူ ခရီးထွက်တဲ့ အခါပဲဖြစ်ဖြစ် ဝန်ပိုတင်ဖို့လိုအပ်လာ တဲ့အခါမှာပဲဖြစ်ဖြစ်လွယ်ကူအဆင်ပြေစေဖို့အတွက်လည်း Ford Everest Trend က ဝန်ဆောင်မှုပေးမှာပါ။ Ford Everest Trend ကိုမောင်းနှင်ခွင့်ရဖို့က Ford ချစ်သူတွေနဲ့ ယာဉ်မောင်းတွေအတွက် အိပ်မက်ဖြစ်ပြီး အိပ်မက်ကို အကောင်အထည်ဖော်ခွင့်ရမယ့် အခွင့်အရေးကလည်း လက်တကမ်းကိုရောက်နေပါပြီ။ ဒီတော့ Ford Everest Trend ကို မောင်းနှင်ခွင့်ရမယ့် အိပ်မက်ကို အခုပဲ အကောင်အထည်ဖော်ကြရအောင်ပါ။ 


ယခုသတင်းကို Ford Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။


က္က