မေလဒုတိယအပတ်လောက်အတွင်းမှာ စီးနင်းသူ(၃)သိန်းဝန်းကျင်ရှိခဲ့ပါတယ်။

ရန်ကုန်မှာ COVID - 19 ကာလအတွင်း YBS စီးနင်းသူ ဦးရေက သိသိသာသာကျဆင်းခဲ့တာကြောင့် ယာဉ်လိုင်းတွေအနေနဲ့ အရှုံးပေါ်ခဲ့ရပါတယ်။

မေလ(၂၅)ရက်နေ့ နောက်ပိုင်းကစလို့ တစ်ရက်ကို YBS စီးနင်းသူက (၅)သိန်းအထက်မှာရှိလာတဲ့အတွက် အခုဆိုရင် YBS ယာဉ်တွေကို အစီးရေ (၃၀၀၀)ကျော်အထိတိုးမြှင့်ပြေးဆွဲနေပါတယ်။ 



မေလ အစပိုင်းလောက်ကအထိ YBS စီးနင်းသူက တစ်ရက်ကို (၂)သိန်းကျော်နဲ့ (၃)သိန်းဝန်းကျင်မှာသာရှိခဲ့တာကြောင့် ယာဉ်အစီးရေ (၁၀၀၀)ကျော်သာပြေးဆွဲပေးခဲ့ရတယ်လို့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က Duwun ကိုပြောပါတယ်။ 

“ ခရီးသည်ဦးရေ (၅)သိန်းကျော်အထိတက်လာတာက မေလ(၂၅)ရက်နောက်ပိုင်းမှပါ။ဒါတောင် ယခင် ပုံမှန်နေ့စဉ်စီးနင်းနေတဲ့ ခရီးသည်ရဲ့ (၃၀)ရာခိုင်နှုန်းလောက်ပဲရှိပါသေးတယ်။ အရင်က တစ်ရက်ကို YBS စီးနင်းတဲ့ခရီးသည်က (၁၈)သိန်းကျော်ရှိတယ်။ ကားအစီးရေက (၄)ထောင်ကျော်ပြေးဆွဲပေးတာပါ။ အခုကားအစီးရေက (၃၀၀၀)ကျော်ပြန်ပြေးဆွဲနေရပြီဆိုတော့ အရင်ကထက် (၇၀)%လောက်အထိပြေးဆွဲနေရပါပြီ" လို့ ဦးလှအောင်ကပြောပါတယ်။ 

COVID ကာလအတွင်းမှာ အစိုးရက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကလည်း မေလ(၃၁)ရက်နေ့မှာပြီးဆုံးမှာဖြစ်လို့ မေလကုန်ပိုင်းလောက်မှာတော့ စီးနင်းတဲ့ ခရီးသည်ဦးရေ ပိုများလာနိုင်တယ်လို့ ဦးလှအောင်ကပြောပါတယ်။ 

YRTA အနေနဲ့က COVID ဖြစ်ပွားစဉ်ကတည်းစပြီး မော်တော်ယာဉ်အစီးအရေကို စီးနင်းတဲ့ ခရီးသည်တွေပေါ်မူတည်ပြီး ပြေးဆွဲပေးလျှက်ရှိပါတယ်။ 

COVID ဖြစ်ပွားခဲ့စဉ်နဲ့ယှဉ်ရင် ယခု YBS စီးနင်းတဲ့ ခရီးသည်က တစ်ရက်ကို (၂)သိန်းကျော်တိုးလာတာဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က