ကိုးလအကြာမှာတော့ ကားအစီးရေ လေးထောင်အထိမှာ တပ်ဆင်နိုင်အောင်လုပ်ဆောင်မှာပါ။

YBS ကားတွေမှာအသုံးပြုမယ့် ကတ်စနစ်ကို လာမယ့်ခြောက်လအတွင်း ကားအစီးရေ ၂၀၀၀ မှာ စတင်တပ်ဆင်မှာဖြစ်တယ်လို့ ကတ်စနစ်နဲ့ ပတ်သတ်ပြီးတာဝန်ယူထားတဲ့ Asia Starmar Transport Intelligent ကုမ္ပဏီက ပြောပါတယ်။

(တပ်ဆင်မည့်ကတ်စနစ်အား YBS နှစ်နှစ်ပြည့်အခမ်းအနားတွင် စမ်းသပ်ပြသထားမှု)

“ အခုခြောက်လအတွင်းမှာ တစ်ထောင်ကနေ နှစ်ထောင်အထိ စပြီးသုံးလို့ ရအောင်လုပ်ပေးမယ်။ နောက်ကိုးလလောက်မှာ လေးထောင်လောက်အထိ လုပ်ပေးဖို့ စဉ်းစားထားတယ်။ အမတို့ အခုက process လုပ်နေတာပြီးခါနီးလောက်ရှိပြီ။ ဘယ်လိုင်းတပ်မလဲဆိုတာကတော့ YRTA နဲ့ ညှိနှိုင်းမှရမှာပါ။ ဦးစားပေးလိုင်းတွေ ရွေးပြီးရင် Pilot စလုပ်မယ်။ သုံးလကတော့ infrastructure လုပ်မှာပါ။ ဘယ်လိုတပ်မယ်။ ဘယ်လိုစနစ်နဲ့ ဖြတ်မယ်ဆိုတာပေါ့။ နောက်သုံးလက စသုံးလို့ရအောင်လုပ်မှာပေါ့ ” Asia Starmar Transport Intelligent ကုမ္ပဏီရဲ့ Chief Marketing Officer ဖြစ်သူ ဒေါ်ရီရီခင်က Duwun ကို ပြောပါတယ်။



ခြောက်လအတွင်းမှာ ကားအစီးရေ ၁၀၀၀ ကနေ ၂၀၀၀ အထိ တပ်ဆင်နိုင်အောင်လုပ်ဆောင်မှာဖြစ်ပြီး ကိုးလအကြာမှာတော့ ကားအစီးရေ လေးထောင်အထိ တပ်ဆင်နိုင်အောင်လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါကတ်တွေက YBS ယာဉ်စီးခများအတွက် အသုံးပြုပေးချေနိုင်မှာဖြစ်ပြီးတော့ နောင်မှာ သွားမယ့်အကွာအဝေးကို မူတည်ပြီး မှတ်တိုင်အလိုက် ခရီးစဉ်နှုန်းထားကို ဖြတ်တာမျိုးအထိတိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး YBS ရဲ့ နှစ်နှစ်ပြည့်အခမ်းအနားမှာ အဆိုပါ ကုမ္ပဏီက ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ကတ်စနစ်နဲ့ လုပ်ဆောင်ဖို့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့က Asia Starmar Transport Intelligent ကုမ္ပဏီကို ၂၀၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က