မီဒီယာတွေမေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

YBS စနစ်စတင်ခဲ့တာဟာ ၂၀၁၉ ဇန်နဝါရီ ၁၆ ရက်နေ့မှနှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီစနစ်က အောင်မြင်မှုရှိမရှိကို ပြည်သူက အဆုံးအဖြတ်ပေးပါလို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဖာမျိုးက ဖြေကြားခဲ့တာပါ။


“ အောင်မြင်မှုရှိ၊မရှိကို ရာခိုင်နှုန်းအားဖြင့်ပြောဖို့ဆိုတာက ခက်ပါတယ်။ ပြည်သူလူထု ဘယ်လောက်ကျေနပ်မှုရှိလဲနဲ့ ပြည်သူကပဲ ကျွန်မတို့ တစ်ကယ်အောင်မြင်တယ်၊ မအောင်မြင်ဘူးကို ဆုံးဖြတ်ပေးပါ ” လို့ YBS ၂ နှစ်ပြည့်အခမ်းအနားမှာ မီဒီယာတွေမေးမြန်းမှုကို သူက ဖြေကြားခဲ့ပါတယ်။



YBS ကားတွေမှာ ကတ်စနစ်ကို ၆ လအတွင်း အပြီးတပ်ဆင်သွားမယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထိုအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ကတ်စနစ်နဲ့ တပ်ဆင်ဖို့အတွက်ကို Asia Starmar Transport ကုမ္ပဏီတို့အကြားစာချုပ်ချုပ်ဖို့ရှိပြီးတော့ ကား ၄၀၀၀ မှာ စက်တွေတပ်ဆင်ဖို့ လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က