YBS ယာဉ်အားလုံးမှာ ကတ်နဲ့ ငွေပေးချေတဲ့စက်တွေ ၆လအတွင်း အပြီးတပ်ဆင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
Photo - Phyo Min Thein FB
ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ယနေ့ (ဇန်နဝါရီ ၁၆ ရက်) က ကျင်းပပြုလုပ်တဲ့ YBS ၂ နှစ်ပြည့်ပွဲမှာ ဦးဖြိုးမင်းသိန်းက မီဒီယာတွေကို ပြောလိုက်တာဖြစ်ပါတယ်။
"၆ လအတွင်းကတ်နဲ့ ငွေပေးချေလို့ရတဲ့ စက်တွေကို YBS ယာဉ်တိုင်းမှာ တပ်ဆင်သွားပါမယ်။ တစ်နှစ်အတွင်း ငွေပေးချေကတ်နဲ့ ကားတိုင်းမှာစီးလို့ရတဲ့ စနစ်ဖြစ်အောင်လုပ်သွားပါမယ်။"လို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
Photo - Phyo Min Thein FB
အဆိုပါ ကတ်စနစ်ငွေပေးချေမှုအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရပိုင် Yangon Payment Service နဲ့ Asia Starmar Transport Intelligent ကုမ္ပဏီတို့အကြား စာချုပ်ချုပ်ဆိုသွားဖို့ရှိနေပြီး စာချုပ်ပြီးတာနဲ့ YBS ကား ၄၀၀၀ မှာ စက်တွေ စတင်တပ်ဆင်တော့မှာပါ။ ကြံ့ခိုင်းပိုင်းမှာ ကောင်းမွန်တဲ့ကားတွေမှာ စတင်တပ်ဆင်မှာဖြစ်ပြီး ကတ်စနစ်စတင်တာနဲ့ ကတ်တွေကို ကားဂိတ်တွေမှာ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။