Aye Myat Mon

ဆယ်ကျော်သက်မိန်းကလေးတွေ ဦးဆောင်ဖန်တီးမယ့် အများပြည်သူဆိုင်ရာ ပန်းခြံကစားကွင်းကို ရန်ကင်းမြို့နယ်မှာ စတင်အကောင်အထည်ဖော်နေပါတယ်။

အမျိုးသမီးများပါဝင်သည့် ဒီဇိုင်းပြပွဲ (photo- doh eain)

ရန်ကင်းနဲ့ လှိုင်သာယာ မြို့နယ်တို့မှ ပရောဂျက်လုပ်ငန်းနေရာတွေနဲ့ ပတ်သက်ပြီး ဒီဇိုင်းပြပွဲကျင်းပနေကာ မိန်းကလေးငယ်တွေ ဖန်တီးထားတဲ့ ဒီဇိုင်းတွေကို ပြသနေတယ်လို့ သိရပါတယ်။

“ဆယ်ကျော်သက်မိန်းကလေးတွေအကြား ဆက်စပ်မှုကို ဒီပရောဂျက်ကနေတစ်ဆင့် လေ့လာနိုင်မှာဖြစ်သလို မိန်းကလေးတွေအနေနဲ့ ကြုံရတဲ့ပြသနာတွေကိုပိုမိုသိရှိနိုင်မှာဖြစ်ပြီးတော့ မိန်းကလေးတွေအနေနဲ့ မြို့ပြဦးရေထူထပ်လာတာနဲ့အတူ မိန်းကလေးတွေရဲ့ အခန်းကဏ္ဍက အဓိကနေရာမှာရှိနေတယ်လို့ ယုံကြည်ပါတယ် ” လို့ ဒို့အိမ်ရဲ့ မြို့ပြဒီဇိုင်နာ Anna Livia Cullinan ကပြောပါတယ်။

စမ်းသပ်ပရောဂျက်မှာတော့ ရန်ကင်းမှ မိန်းကလေး ၁၄ ဦးစာရင်းပေးခဲ့ပြီး မတ်လ ၁၇ ရက်နေ့မှာတော့ လှိုင်သာယာပရောဂျက်အတွက် မိန်းကလေး ၁၅ ဦးက စာရင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ကွင်းဆင်းလေ့လာတာ၊ ပုံဆွဲတာတွေ၊ ကုန်ကျစရိတ်တွက်ချက်တာ၊ နေရာအတွက် စဉ်းစားတာ၊ အဖွဲ့လိုက်စဉ်းစားတာ ၊မြို့အနှံ့ နေရာတွေကို လေ့လာတာတွေနဲ့ ဒီဇိုင်းအကောင်အထည်ဖော်တာတွေကို မိန်းကလေးငယ်တွေကို သင်ကြားပို့ချခဲ့ပါတယ်။ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်ကြား မိန်းကလေးတွေရဲ့ အကြံညဏ်တွေနဲ့ အများပြည်သူဆိုင်ရာနေရာတွေကို ဒီဇိုင်းဆွဲတည်ဆောက်သွားမယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က