စစ်တွေကပြန်လာတဲ့သူဖြစ်ပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည (၈)နာရီထုတ်ပြန်ချက်မှာတော့ ပိုးတွေ့လူနာသစ် (၇၇)တွေ့ရှိခဲ့ပါတယ်။

အဆိုပါ (၇၇)ဦးမှာ မန္တလေး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် မနော်ဟယ်ရီတောင်ဘက် (၅၄)လမ်းက တစ်ဦးပါဝင်ခဲ့ပြီး စစ်တွေကပြန်လာလို့ ကွာရန်တင်းထားရှိထားသူဖြစ်တယ်လို့ သိရပါတယ်။



“ ဒီည ထုတ်ပြန်ချက်မှာပါတာပါ။ သားအမိသုံးယောက်က စစ်တွေက ပြန်လာတာကို ဩဂုတ်လ (၂၆)ရက်နေ့က ကွာရန်တင်းထားရှိတာပါ။ (၃)ဦးထဲက (၁၇)နှစ်အရွယ်သမီးအကြီးဆုံးမှာပိုးတွေ့ခဲ့ပြီးတော့ အမေနဲ့ သမီးအငယ်မမှာက ပိုးမတွေ့ဘူး”လို့ ထွန်တုံးရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသံလုံးက Duwun ကို ပြောပါတယ်။

စစ်တွေက ပြန်လာတဲ့ သားအမိ(၃)ဦးကိုတော့ ဩဂုတ်လ (၂၆)ရက်နေ့ကတည်းက ရင်ဘတ်တူညီနောင်ကယ်ဆယ်ရေးအဖွဲ့က ကွာရန်တင်းစင်တာကို ပို့ဆောင်ပေးခဲ့ပြီး အိမ်မှာကျန်ရှိတဲ့ မိသားစု (၃)ဦးကိုလည်း ယနေ့ ညမှာပဲ ကွာရန်တင်းစင်တာကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ နေအိမ်ကို lock downချကာ အနီးပတ်ဝန်းကျင်ကနေရာတွေကို ပိုးသတ်ဆေးဖြန်းတဲ့လုပ်ငန်းတွေ ညတွင်းချင်းဆောင်ရွက်ခဲ့ပါတယ်။ ပိုးတွေ့လူနာမိသားစုက မနော်ဟယ်ရီ (၅၄)လမ်းက ဇော်ဂျီမောင် သစ်စက်လုပ်ငန်း လုပ်ကိုင်သူတွေလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က