အတည်ပြုလူနာ စုစုပေါင်း (၈၅)ဦးရှိသွားပါပြီ။
Ei Ei Htun

ဒီကနေ့ ဧပြီလ(၁၆)ရက်နေ့ မနက် ( ၁၀ ) နာရီ မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချင်အရ Covid 19 အတည်ပြုလူနာ (၁၁)ဦးထပ်တိုးကြောင်းသိရပါတယ်။

ထပ်တိုး လူနာ (၁၁)ဦးမှာ ရန်ကုန်က (၉)ဦး၊ မန္တလေးက (၁)ဦးနဲ့  ချင်းပြည်နယ် တီးတိန်မြို့က (၁)ဦးဖြစ်ပါတယ်။ 

ရန်ကုန်က လူနာ(၉)ဦးမှာ မြောက်ဥက္ကလာပမြို့နယ်၊ အလုံ၊ စမ်းချောင်း၊ ဗဟန်း၊ လှိုင်သာယာ၊ ပုဇွန်တောင်၊ အင်းစိန်၊ ဒဂုံမြို့သစ် (တောင်)ပိုင်းတို့က ဖြစ်ပြီး မန္တလေးမြို့က လူနာ(၁)ဦးကတော့ အောင်မြေသာစံမြို့နယ်ကဖြစ်ပါတယ်။ 

ဗဟန်းမြို့နယ်နဲ့ ဒဂုံမြို့သစ် (တောင်)ပိုင်းလူနာတွေက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိထားသလို ပြည်ပခရီးသွားရာဇဝင်လည်း မရှိဘူးလို့ သိရပါတယ်။

မန္တလေးက လူနာ(၁)ဦးဟာ ဒုတိယမြောက်လူနာအဖြစ်တွေ့ရှိခဲ့တာဖြစ်ပြီး ပထမဆုံးရောဂါပို့တွေ့ရှိခဲ့လူနာက သက်သာပျောက်ကင်းသွားပြီဖြစ်လို့ ဆေးရုံမှဆင်းကာ နေအိမ်မှာ အသွားအလာကန့်သတ်ထားတာဖြစ်ပါတယ်။ 

တိုင်းဒေသကြီး ပြည်နယ်အသီးသီးက ပေးပို့လာတဲ့ ဓာတ်ခွဲနမူနာ (၄၀၀)ကို စစ်ဆေးရာမှာ (၁၂၈)ဦးမှာ ရောဂါပိုးမတွေ့ရှိကြောင်းကို မနေ့က ည (၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပေမယ့် ကျန်တဲ့ ဓာတ်ခွဲနမူနာ (၂၇၂) ကို စစ်ဆေးရာမှာ (၁၁)ဦးရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာတော့ Covid 19 အတည်ပြုလူနာ (၈၅)ဦးထိရှိနေပြီး ရန်ကုန်က (၆၈)ဦး၊ ပဲခူးတိုင်း (၄)ဦး၊ ချင်းပြည်နယ် (၄)ဦး၊ ရှမ်းပြည်နယ်(၃)ဦး၊ နေပြည်တော် (၁)ဦး၊ မန္တလေး (၂)ဦး၊ စစ်ကိုင်းတိုင်းက (၁)ဦး၊မွန်ပြည်နယ် (၁)ဦးနဲ့ မကွေးတိုင်းက (၁)ဦးတို့ဖြစ်ပါတယ်။ 

အတည်ပြုလူနာ (၈၅)ဦးမှာတော့ (၄)ဦးသေဆုံးကာ (၂)ဦးက ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပါတယ်။ 




က္က