မြဝတီနယ်စပ်ဂိတ်ကနေပြန်ဝင်လာတဲ့သူတွေဖြစ်ပါတယ်။

ထိုင်းကပြန်လာသူ (၁၉)ဦးနဲ့ မလေးရှားကပြန်လာသူ (၄)ဦး စုစုပေါင်း (၂၃)ဦးမှာရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့မနက် (၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

photo - Thant Zin Aung ( မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်)



ထပ်တိုးလူနာ (၂၃)ဦးစလုံးက ထိုင်းနဲ့မလေးရှားမှာ ပြစ်မှုဆိုင်ရာတွေနဲ့ ပြစ်ဒဏ်အသီးသီးကျခံပြီးလို့ မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ပြစ်ဒဏ်စေ့အကျဉ်းသားတွေဖြစ်တယ်လို့သိရပါတယ်။ 

ဇွန်လ (၈)ရက်နေ့က ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံကို (၃၅)ဦး လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဲဒီထဲက (၂၃)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“ ကျွန်တော်တို့ဆီကတော့ ထိုင်းကနေတစ်ဆင့်ပြန်လည်လွှဲပြောင်းပေးတာ။ ထိုင်း-မလေးနယ်စပ်ကနေပြီးတော့ မလေးကလူတွေကို ထိုင်းကိုပို့ပြီး ထိုင်းကနေမြန်မာပေါ့နော်။ အားလုံးက အကျဉ်းထောင်အသီးသီးက ပြစ်ဒဏ်ပြည့်လို့ပြန်လည်လွတ်မြောက်လာတဲ့သူတွေပါ။ ထိုင်းကနေလွှဲပြောင်းမယ်ဆိုတော့ ကျွန်တော်တို့ဒီဘက်က တာဝန်ရှိသူတွေကလည်း ကိုယ့်နိုင်ငံသားတွေဟုတ်၊ မဟုတ် သေချာစိစစ်ပြီးမှလက်ခံခဲ့တာပါ။ သူတို့ရောက်တဲ့နေ့ကတည်းကလည်း ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ပြီး Quarantineထားရှိထားတာပါ”လို့ မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။ ယခုလူနာတွေနဲ့ ထိတွေ့ထားသူတွေက အယောက် (၂၀)ကျော်လောက်ရှိပြီး သူတို့ကိုလည်း Quarantine ထားရှိသွားမယ်လို့ သိရပါတယ်။

photo - Thant Zin Aung ( မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်)

လူနာ (၂၃)ဦးတစ်ပြိုက်တည်းတွေ့ရှိခဲ့ခြင်းက မြန်မာနိုင်ငံမှာ COVID စတင်ဖြစ်ပွါးခဲ့စဉ်ကစလို့ လူနာတွေ့ရှိမှု အများဆုံးစံချိန်တင်ခဲ့တာပါ။

ဧပြီလ (၁၄)နေ့က လူနာ (၂၁)ဦး တစ်ပြိုင်နက် တွေ့ပြီးနောက် ဒီနေ့ (၂၃)က လူနာအများဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ COVID ကာလမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို နယ်စပ်ဂိတ်ပေါက်တွေကတစ်ဆင့် လက်ခံပေးနေသလို နိုင်ငံတော်အစီအစဉ်နဲ့လေကြောင်းလိုင်းတွေကနေလည်း ပြန်လည်ခေါ်ဆောင်ပေးလျှက်ရှိပါတယ်။

မေလ (၁၆)ရက်နောက်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ ပြည်ပကပြန်လာတဲ့သူတွေထဲက ရောဂါပိုးတွေ့ရှိမှုနှုန်းက ဆက်လက်မြင့်တက်နေပြီး ဒီနေ့မနက်တွေ့ရှိသူ (၂၃)ဦးအပါအဝင်စုစုပေါင်း (၉၉) ဦးအထိရှိလာပြီဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက် (၈)နာရီထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၂၈၆)ဦးရှိပြီး ပြန်လည်ပျောက်ကင်းသူ (၁၈၇)ဦးနဲ့ သေဆုံးသူ (၆)ဦးရှိပါတယ်။











ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က