လူနာအမှတ်(၈၄)၊ လူနာအမှတ်(၁၀၈)တို့နဲ့ ထိတွေ့ခဲ့သူတွေလို့ သိရပါတယ်။
Mi Thawdar Aung

ဧပြီလ ၂၂ရက်နေ့ည(၈)နာရီမှာ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်အရ COVID-19 ပိုးတွေ့အတည်ပြုလူနာ(၂)ဦးထပ်တိုးခဲ့ပြီး (၂)ဦးစလုံးက ရန်ကုန်တိုင်းဒေသကြီးကဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့အတွက်ပထမအသုတ် ဓာတ်ခွဲနမူနာ(၁၈၀)ကို စစ်ဆေးခဲ့ရာမှာ (၂)ဦးမှာ COVID-19 ရောဂါပိုးတွေ့ပြီး ကျန်(၁၇၈)ဦးမှာတော့ ရောဂါပိုးတွေ့ရှိခဲ့ခြင်းမရှိဘူးလို့ထုတ်ပြန်ခဲ့တာပါ။ ယနေ့ညမှာတွေ့ရှိခဲ့တဲ့လူနာသစ်(၂)ဦးစလုံးဟာ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားရဲ့တရားပွဲကိုသွားရောက်ခဲ့တဲ့ လူနာအမှတ်(၈၄)၊ လူနာအမှတ်(၁၀၈)တို့နဲ့ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။

 ပိုးတွေ့လူနာအသစ်တွေကတော့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်နဲ့ အင်းစိန်မြို့နယ်တို့ကဖြစ်ပြီး အသက်၂၈နှစ်အရွယ် အမျိုးသားနဲ့ အသက် ၁၈နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပါတယ်။ လူနာအမှတ်(၈၄)မှာ အဆိုတော် နီတာဖြစ်ပြီး တရားဟောဆရာဒေးဗစ်လားရဲ့တရားပွဲကိုတက်ရောက်ခဲ့ရာကတဆင့်ကူးစက်ခဲ့တာပါ။ လက်ရှိအချိန်အထိထုတ်ပြန်ချက်အရ မြန်မာနိုင်ံငံမှာ ပိုးတွေ့လူနာ ၁၂၃ဦးအထိရှိခဲ့ပြီဖြစ်ပြီး ၅ယောက်သေဆုံးထားကာ၊ ၉ဦးပြန်လည်ကောင်းမွန်ထားပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က