ယနေ့ (၄)ဦးကိုဆေးရုံကဆင်းခွင့်ပြုခဲ့ပါတယ်။
Ei Ei Htun

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ ဧပြီလ (၂၀)ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်အရ COVID 19 အတည်ပြုလူနာ (၆)ဦးထပ်တိုး ခဲ့ပြီး လူနာ(၉)ဦးသက်သာပျောက်ကင်းသွားပြီလို့ သိရပါတယ်။ 

ထပ်တိုး လူနာ (၆)ဦးထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်က (၄)ဦး၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က (၁)ဦးနဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ်က (၁)ဦးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးက လူနာ(၄)ဦးထဲမှာ (၁၀)နှစ်အရွယ်မိန်းကလေးတစ်ဦးလည်းပါဝင်ခဲ့ပါတယ်။

ဒီကနေ့ ပထမအသုတ်အနေနဲ့ ဓာတ်ခွဲနမူနာ (၁၈၁)ဦးကို စစ်ဆေးရာမှာ (၆)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်(၁၇၅)ဦးမှာရောဂါပိုးမတွေ့ရှိရဘူးလို့ သိရပါတယ်။ 

ယနေ့မှာ ထပ်တိုးလူနာတွေထပ်တိုးလာသလို ယခင်အတည်ပြုလူနာတွေထဲက သက်သာပျောင်ကင်းလာသူ (၉)ဦးထိရှိလာပြီး ဒီနေ့မှာပဲ လူနာ(၄)ဦးကို ဆေးရုံကဆင်းခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ မန္တလေးကတိုင်းမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့လူနာနဲ့ နေပြည်တော်က လူနာတို့ကိုလည်း ဆေးရုံကဆင်းခွင့်ပြုခဲ့ပြီဖြစ်လို့ အခုဆိုရင် ဆေးရုံကဆင်းခွင့်ရတဲ့လူနာ (၆)ဦးထိရှိနေပါပြီ။

အဆိုပါလူနာ(၆)ဦးကတော့ လူနာနံပါတ် (၃)၊ နံပါတ် (၄)၊ နံပါတ်(၇)၊ နံပါတ်(၉)၊ နံပါတ်(၂၁)နဲ့ နံပါတ် (၂၅)တို့ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ COVID19 အတည်ပြုလူနာ (၁၁၇)ဦးထိရှိနေပြီဖြစ်ပြီး ရန်ကုန်က (၉၂)ဦး၊ စစ်ကိုင်းက (၆)ဦး၊ ချင်းပြည်နယ်က (၅)ဦး၊ ရှမ်းပြည်နယ်က (၅)ဦး၊ ပဲခူးတိုင်းက (၄)ဦး၊ မန္တလေးတိုင်းက (၂)ဦး၊ မွန်ပြည်နယ်က (၁)ဦး၊ မကွေးက (၁)ဦးနဲ့ နေပြည်တော်က (၁)ဦးတို့ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က