ရန်ကုန်နဲ့ နီးတဲ့နေရာမျိုးတွေအတွက် လူ ၂၅ ဦးပြည့်တာနဲ့ ကားစီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

ယခုနှစ် သင်္ကြန်ရက်ကာလအတွင်း မြို့တွင်းမှာ YBS အစီးရေ ၉၇၃ စီးနဲ့ယာဉ်လိုင်းပေါင်း ၇၃ လိုင်းပြေးဆွဲမှာဖြစ်တယ်လို့ YRTA အတွင်းရေးမှုး ဒေါက်တာမောင်အောင်က Duwun ကိုပြောပါတယ်။

မြို့တွင်းပြေးဆွဲပေးနေသည့် ယာဉ်လိုင်းတစ်ခုအားတွေ့ရစဉ်



“ဒါကမြို့တွင်းကိုပြေးမှာပါ။ အဝေးပြေးတွေဘက်ဖြစ်တဲ့ ဒဂုံဧရာဘက်နဲ့ လှိုင်သာယာဘက်က နှစ်တိုင်းကူနေတာပါပဲ။ တစ်ရက်ကို ၁၄ စီးလောက်ဆွဲဖို့ရှိပါတယ်။ CNG ကားဖြစ်တဲ့အတွက် မိုင်ပေါင်းတစ်ရာထက် ပိုဆွဲလို့တော့မရဘူး။ ရန်ကုန်ကနေ ပုသိမ်-မော်ကျွန်း၊ ဘိုကလေးအထိဆွဲဖို့ အစီစဉ်ရှိပါတယ်” လို့ သူကပြောပါတယ်။

ဒဂုံဧရာနဲ့ အောင်မင်္ဂလာအဝေးပြေးဝင်းကိုလည်း ကားတွေပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် ပုသိမ်- မော်ကျွန်းတို့လို နယ်ဘက်တွေမှာ လက်မှတ်မရတာမျိုးတွေ၊ ရန်ကုန်နဲ့ နီးတဲ့နေရာမျိုးတွေအတွက် လူ ၂၅ ဦးပြည့်တာနဲ့ ကားစီစဉ်ပေးသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဝေးပြေးယာဉ်လိုင်းတွေအနေနဲ့ ဧပြီလဆန်းပိုင်း မတိုင်ခင်ကနေ ရောင်းလို့ကုန်သွားတာဖြစ်ပြီးတော့ နယ်ပြန်ချင်သူတွေအနေနဲ့ ကားလက်မှတ် ဝယ်ယူရာမှာ အခက်အခဲတွေရှိနေပါတယ်။ နယ်ပြန်လိုသူတွေနဲ့ ခရီးသွားမယ့် သူတွေက မတ်လလယ်ကနေ ဧပြီလဆန်းအထိ လက်မှတ်ဝယ်ယူမှုများတာကြောင့် အဝေးပြေးကားဂိတ်တွေမှာ လက်မှတ်မရှိတော့ဘူးလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က