သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို ပေးမှာပါ။
Mi Thawdar Aung

ယခုနှစ်ကစပြီး ဒဿမတန်း (Grade 11) ကျောင်းသားတွေအနက် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းသားကျောင်းသူတွေကို အခြေခံပညာ အထက်တန်း ပြီးဆုံးကြောင်း လက်မှတ်ထုတ်ပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

မတ်လက ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ

ကျောင်းခေါ်ချိန်ပြည့်မီတာ၊ ပညာရည်စစ်ဆေးအကဲဖြတ်တာ၊ ဘာသာရပ်အလိုက် တတ်မြောက်မှု အဆင့်၊ စာပေ၊အနုပညာလုပ်ငန်းတွေ၊  စာကြည့်တိုက်ကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်တာ၊ လူမှုရေးပစ်ချက်ကင်းပြီး ကျောင်းစည်းကမ်းလိုက်နာတာ၊ အားကစားလုပ်ငန်းမှာ ပါဝင်တာ၊ လူမှုရေးအသင်းတွေမှာ ပါဝင်ဆောင်ရွက်တာ စတဲ့အချက်တွေ ပေါ်မူတည်ပြီး ပြည့်မီတဲ့ ကျောင်းသားတွေကို လက်မှတ်ထုတ်ပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေမှာ ၃ ပုံ ၁ ပုံဝန်းကျင်သာ စာမေးပွဲအောင်မြင်ပြီး ကျန်ရှိတဲ့ ၃ ပုံ ၂ ပုံ ကျောင်းသားတွေဟာ တက္ကသိုလ်ဆက်လက်တက်ရောက်ခွင့်မရဘဲ အခွင့်အလမ်းဆုံးရှုံးနေရတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။

“ ၃ ပုံ ၂ ပုံကျတဲ့ကလေးတွေဟာ လေလွင့်ပြီး ကျောင်းပြင်ပ ရောက်သွားတာတွေရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးတယ်။ ဆယ်တန်းစာမေးပွဲ မအောင်ပေမယ့် တခြားသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေက အများကြီးရှိမှာပဲလေ။ ဒီလိုကျောင်းသားတွေအတွက် အခွင့်အလမ်းရလာအောင်ပါ” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

အဆိုပါ လက်မှတ်ရရှိတဲ့ ကျောင်းသားကျောင်းသူတွေဟာ သက်မွေးပညာသင်တန်းတွေ၊ တက္ကသိုလ်တွေကဖွင့်လှစ်တဲ့ ဒီပလိုမာသင်တန်းတွေ၊ တက္ကသိုလ်ဆက်လက်တက်ရောက်ခွင့်တွေ၊ ဒီလက်မှတ်ကို လက်ခံတဲ့ နိုင်ငံတကာတက္ကသိုလ်တွေကို ဝင်ခွင့်ဖြေဆိုပြီး တက်ရောက်နိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ရှစ်သိန်း ငါးသောင်းကျော်ရှိခဲ့တဲ့အနက် နှစ်သိန်းခြောက်သောင်းကျော်သာ အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။


က္က