ရန်ကုန်မြို့ MICT Park မှာကျင်းပနေတာပါ။

ဆယ်နှစ်ပြည့် Barcamp Yangon 2019 ကို ဇန်နဝါရီ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ ရန်ကုန်မြို့ MICT Park မှာ ကျင်းပပြုလုပ်နေပါတယ်။

၂၀၁၀ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ Barcamp Yangon ဟာ နည်းပညာကို အခြေခံပြီး လူတွေစိတ်ဝင်စားကြတဲ့ အကြောင်းအရာမျိုးစုံကို မည်သူမဆို လွတ်လွတ်လပ်လပ် ဆွေးနွေးကြတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။



“ Barcamp Yangon က နည်းပညာကဏ္ဍတွေလည်းပါတယ်။ အရပ်ဖက်အဖွဲ့အစည်းကဏ္ဍတွေလည်းပါတယ်။ Barcamp ဆိုတဲ့အတိုင်း လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ရတယ်။ နားထောင်လို့ရတယ်။ အခန်းတွေလည်း အများကြီးဖွဲ့ထားတယ်။ ကိုယ်ပြောချင်တဲ့အကြောင်းကို အဆိုတင်ပြီးတော့ ပြောလို့ရပါတယ်။ “ လို့ Barcamp Yangon ရဲ့ စီစဉ်သူတစ်ဦးဖြစ်သူ ဦးသောင်းစုငြိမ်းက ပြောပါတယ်။

အခုနှစ် Barcamp ရန်ကုန်ပွဲမှာ ရုပ်ရှင်တွေနဲ့ပတ်သက်တာ၊ လုပ်ငန်းစတင်လုပ်ကြမယ့်သူတွေအတွက်၊ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်တာ၊ အိုင်တီလုပ်ငန်းတွေနဲ့ ပတ်သက်တာ စတဲ့ ကဏ္ဍပေါင်း ၁၀၀ ကျော်ခန့်ပါဝင်တယ်လို့လည်းသိရပါတယ်။

Barcamp ရန်ကုန်ကို ၂၀၁၀ခုနှစ်ကကျင်းပလာတာခဲ့ဖြစ်ပြီး စတင်တဲ့နှစ်မှာ တတ်ရောက်သူပေါင်း ၃၀၀၀ ကျော်ရှိခန့်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ တတ်ရောက်သူအများဆုံးနဲ့ စံချိန်တင်ခဲ့တယ်လို့သိရပါတယ်။ လက်ရှိမှာ Barcamp ပွဲတွေကို ရန်ကုန်မှာသာမကဘဲ နယ်မြို့တွေမှာပါ ကျင်းပလာခဲ့ပြီး နယ်မြို့တွေနဲ့ တက္ကသိုလ်တွေ အပါအဝင် ၂၅ နေရာမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က