ပုံမှန်အတိုင်းဖွင့်လှစ်ထားတာပါ။
Ei Ei Htun

အခုလိုမိုးတွင်းကာလမှာဆိုရင် ဇင်းကျိုက်ရေတံခွန်က တောင်ကျရေ စီးဆင်းမှု များတာကြောင့် လာရောက်လည်ပတ်တဲ့ သူတွေနည်းသလို ဈေးဆိုင်တွေလည်းမဖွင့်တာကြောင့် ရေကူးခွင့်ပိတ်ပင်ထားတယ်ဆိုပြီး ကောလာဟလဖြန့်နေတာဖြစ်တယ်လို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်သောင်းဦးက ပြောပါတယ်။

photo- Lin Khine ( သြဂုတ်လ(၂၁)ရက်နေ့က ဇင်းကျိုက်ရေတံခွန်ရေစီးဆင်းမှု)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ သြဂုတ်လ(၂၁)ရက်နေ့ ကတည်းက မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဇင်းကျိုက်ရေတံခွန်မှာ တောင်ကျရေများနေတဲ့အတွက် ရေကူးခွင့်ကို ယာယီပိတ်ပင်ထားတယ်ဆိုတာ ကောလာဟလသတင်းပြန့်နေတာဖြစ်တယ်လို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

“ ရေတံခွန်မှာ ရေကူးခွင့်မပိတ်ထားပါဘူး။ အမြဲတမ်းဖွင့်ထားပါတယ်။ ဒီရက်ပိုင်းက မိုးကအရမ်းပြီး ရေများတာကတစ်ကြောင်း၊ ပြီးတော့လာရောက်လည်ပတ်တဲ့ သူနည်းတာကော၊ အဲဒီမှာ ရောင်းတဲ့ဆိုင်ခန်းတွေမဖွင့်ဖြစ်တာလောက်ပဲရှိတယ်။ ဒါတွေကြောင့် ရေကူးခွင့် ပိတ်ထားတယ်ဆိုပြီးကောလာဟလဖြန့်နေတဲ့သဘောပါ။ အမြဲတမ်းဖွင့်ထားတယ်” လို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်သောင်းဦးက Duwun ကိုပြောပါတယ်။

မွန်ပြည်နယ်မှာ ဒီနှစ်မိုးရာသီက အရင်နှစ်တွေကထက် မိုးရွာသွန်းမှုများခဲ့ပြီး ရေကြီးနစ်မြုပ်မှုတွေ၊ မြေပြိုမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။ ဇင်းကျိုက်ရေတံခွန်မှာလည်း မိုးများပြီး ရေစီးဆင်းမှု များနေတာကြောင့် ဒီအချိန်က လာရောက်လည်ပတ်တဲ့ သူတွေ အရမ်းနည်းပါးတယ်လို့ ဦးတင်သောင်းဦးက ပြောပါတယ်။ ပွင့်လင်းရာသီချိန်မှာဆိုရင် ဇင်းကျိုက်ရေတံခွန်ဟာ အများပြည်သူအပန်းဖြေရာ နေရာတစ်ခုအဖြစ် လာရောက်လည်ပတ်ကြသူတွေနဲ့ စည်ကားလျှက်ရှိတဲ့ နေရာတစ်ခုပါ။ အခုလိုမိုးတွင်းကာလမှာ ရေစီးသန်တာကြောင့် လာရောက်လည်ပတ်တဲ့သူတွေနည်းပါးသလို သက်ဆိုင်ရာတွေက ရေကူးခွင့်ကို ပိတ်ပင်ထားခြင်းမရှိရင်တောင်မှ ရေကူးဖို့မသင့်တဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။ 


က္က