ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်မယ့် နေရာတွေနဲ့ အွန်လိုင်းကနေ ကြည့်ရှုနိုင်မယ့် နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Ei Ei Htun

ဇွန်လ ၈ ရက်နေ့ နံနက် ၆ နာရီဆိုရင် တစ်နိုင်ငံလုံးမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူအားလုံးအတွက် အောင်စာရင်းထွက်ရှိပါပြီ။ ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်သလို အွန်လိုင်းကနေလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ(၈)ရက်နေ့ နံနက် (၆)နာရီမှာ ထုတ်ပြန်မယ်လို့ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနကနေသိရပါတယ်။ အောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းတွေမှာ တစ်ချိန်တည်းကပ်ပြီး ထုတ်ပြန်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးရဲ့ အောင်စာရင်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အင်းစိန်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ် အမှတ်(၁)၊လမ်းမတော်မြို့နယ် အမှတ်(၁) ၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁)၊ စမ်းချောင်းမြို့နယ် အမှတ်(၂)၊ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွေမှ ကြည့်ရှုနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်အလိုက် အောင်စာရင်းများကို ကပ်ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကြည့်ရှုနေစဉ်

သွားရောက်ကြည့်ရှုဖို့ အခက်အခဲဖြစ်နေသူများအနေနဲ့လည်း ပညာရေးဝန်ကြီးဌာန website www.moe.gov.mm  နဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website


www.myanmarexam.org  တွေမှာလည်း ဇွန်လ ၈ ရက်နေ့ နံနက် ၆ နာရီကစလို့ ထုတ်ပြန်သွားမှာဖြစ်လို့ အင်တာနက်အသုံးပြုလို့ရတဲ့ မည်သည့်နေရာကမဆို အောင်စာရင်းကို ကြည့်ရှုနိုင်ပါ။

အောင်စာရင်းကို အွန်လိုင်းကကြည့်ရှုနိုင်မည့် website များ

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ၂၀၁၉ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့ပြီး ကျောင်းသား ၊ကျောင်းသူဦးရေ ၇သိန်း၈သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။


Author


က္က