ရန်ကုန်လျှပ်စစ်နှင့်စွမ်းအင်ဌာနကော်ပိုရေးရှင်းက ဒီနေ့ထုန်ပြန်ကြေညာလိုက်တာပါ။

ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်များ အတွင်း မဖြစ်မနေလုပ်ငန်းဆောင်ရွက်စရာရှိမှသာ ယာယီဓာတ်အားပိတ်ပြီးလုပ်ငန်းများဆောင်ရွက်မှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

photo- YESC



၂၀၁၉ခုနှစ်ဇွန်လ(၂၂)ရက်နေ့ကစပြီး ရန်ကုန်တိုင်းအတွင်းရှိသက်ဆိုင်ရာ မြို့နယ်တွေမှာ လျှပ်စစ်မီးပုံမှန်ပေးသွားတော့မှာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်နှင့်စွမ်းအင်ဌာနကော်ပိုရေးရှင်း (YESC)က ဒီကနေ့ ဇွန်လ(၂၁)ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ တတိယပတ်ကစပြီး ဓာတ်အားသုံးစွဲမှု တိုးတက်များပြားလာခြင်း၊ ဓာတ်အား ထုတ်လုပ်မှု လျော့နည်းကျဆင်းလာခြင်းတို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ အလှည့်ကျ ဝန်အား လျှော့ချခြင်းများကို စတင်ဆောင်ရွက်ခဲ့တာပါ။အခုလိုဝန်အား လျှော့ချ ဆောင်ရွက်လျှက်ရှိရာကနေ ရန်ကုန်တိုင်းဒေသကြီးမှာ ရှိတဲ့ ခရိုင်နှင့် မြို့နယ်များမှာ ဇွန်လ(၂၂)ရက်နေ့ကစပြီး အလှည့်ကျ ဝန်အားလျှော့ချခြင်းများ ဆောင်ရွက်မှု မပြုတော့ဘဲ၊ ပုံမှန်အတိုင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ (YESC)ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်များ အတွင်း မဖြစ်မနေ ထိန်းသိမ်းပြုပြင်ရမည့်အရေးပေါ်အခြေအနေမျိုးရှိမှသာ ဓာတ်အားပိတ်ချိန်အနည်းဆုံးဖြင့် ယာယီဓာတ်အားပိတ်ပြီး လုပ်ငန်း ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က