Ei Ei Htun

တစ်နှစ်ပြည့်ပြီး ဆုငွေလာမထုတ်တဲ့ လစဉ် ဘဏ္ဍာသိမ်းရငွေကနေအခုလိုထီဆုတွေတိုးပြီး ချီးမြှင့်တာဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ(၁)ရက်နေ့မှာထွက်ရှိမည့် (၅)ကြိမ်မြောက်ကျပ်(၁၀၀၀)တန်ထီဖွင့်ပွဲကစပြီး ဘဏ္ဍာသိမ်းရငွေကနေ လစဉ်ဆုမဲတွေကိုတိုးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနကနေ သိရပါတယ်။ တစ်နှစ်ပြည့်ပြီးလာရောက်ထုတ်မယူတဲ့ လစဉ်ဘဏ္ဍာသိမ်းရငွေကနေ ကျပ်သိန်းပေါင်း(၂၅၀၀)ကို အခုလိုဆုမဲတွေထပ်ပြီးတိုးမြှင့်ပေးတာဖြစ်ပါတယ်။

“ ထီဆုငွေထုတ်ဖို့သတ်မှတ်ထားတာက တစ်နှစ်အတွင်းထုတ်လို့ရတယ်ဆိုပြီးသတ်မှတ်ထားတယ်။ အခုလိုတစ်နှစ်ပြည့်ပြီး ထုတ်မယူတဲ့ငွေတွေကလည်း လစဉ်ရှိနေတော့ ဒီငွေတွေထဲကနေ ပြည်သူတွေကို ဆုမဲထပ်ပြီးတိုးပေးတာပေါ့နော်။ ပြည်တွင်းအခွန်မှာရှိတဲ့ထီဆုစနစ်ကလည်း အထူးဆုကြီးစနစ်၊ဆုတစ်ဆုချင်းစနစ်နဲ့ ဝေဝေဆာဆာဆုစနစ်ဆိုပြီး ၃ခုရှိတယ်။ အခုထပ်မံတိုးပေးမှာက ဝေဝေဆာဆာပဒေသာစနစ်ကနေ ၁သိန်းဆု(၂၀၀၀)ဆု၊ ၂သိန်းဆု(၂၀၀)ဆု၊ ၃သိန်းဆု(၂၀)ဆုနဲ့ ကျန်တဲ့ဆုကတော့ ၁၀သိန်းဆု (၄)ဆုကို တိုးမြှင့်ပေးမှာဖြစ်တယ်” လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Duwun ကိုပြောပါတယ်။

အခု ထပ်မံတိုးလိုက်တဲ့ ဆုမဲပေါင်း(၂၂၂၄)ဆုကို ထီဖွင့်တဲ့ရက်မှာပဲ ပုံမှန်ဆုတွေနဲ့ရောပြီးမကြေညာဘဲ ဘဏ္ဍာသိမ်းက ထပ်မံတိုးပေးတဲ့ဆုတွေဆိုပြီး သီးသန့်ကြေညာပေးမှာဖြစ်တယ်လို့သိရပါတယ်။ထီလက်မှတ်တွေပိုထုတ်လိုက်တာမဟုတ်ဘဲ အခုလိုထီဆုတွေထပ်မံတိုးပေးလိုက်တာကြောင့် ပြည်သူတွေအနေနဲ့ကတော့ ထီပေါက်ဖို့အခွင့်အရေးပိုများသွားတာပေါ့လို့ ဒေါ်ဆွေဆွေခိုင်ကပြောပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က