ဇွန်လတစ်လလုံးမှာ (၂၅)ဦးသေဆုံးခဲ့တာပါ။
Ei Ei Htun

ဇွန်လတစ်လလုံးမှာ H1N1ကြောင့် သေဆုံးသူဦးရေဟာ (၂၅)ဦးရှိခဲ့ပြီး ယခုဇူလိုင်လမှာတော့ လဝက်မှာတင် သေဆုံးသူ (၂၂)ဦးရှိခဲ့တာပါ။

photo- Myanmar CDC

ဇူလိုင်လ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ တစ်လုံးနိုင်လုံးအတိုင်းအတာအနေနဲ့ H1N1ကြောင့် သေဆုံးသူ (၂၂)ဦးထိရှိကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတစ်လလုံးမှာ H1N1ကြောင့် သေဆုံးသူဦးရေ (၂၅)ဦးရှိခဲ့ပြီး ယခုဇူလိုင်လမှာတော့ ပထမလဝက်ပိုင်းမှာတင် သေဆုံးသူ (၂၂)ဦးထိရှိခဲ့တာပါ။

“ ဇူလိုင်လမှာတော့ မနေ့က (၁၄)ရက်နေ့ထိပေါ့ တုတ်ကွေးရောဂါသီးသန့်ကြောင့် သေဆုံးတာက (၇) ယောက်ပဲရှိတယ်။ တခြားသေဆုံးတဲ့သူတွေက အရင် သွေးကင်ဆာရောဂါတွေ၊ ကျောက်ကပ်မကောင်းတဲ့ နာတာရှည်လူနာတွေပေါ့နော်။ အဲလိုရောဂါအခံရှိတဲ့သူတွေဆိုတော့ ခုခံအားနည်းပြီး တုတ်ကွေးပိုးပါဝင်ပြီး သေတဲ့သူတွေကများတယ်” လို့ ဇူလိုင်လ(၁၅)ရက်နေ့က ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက Duwun ကိုပြောပါတယ်။

photo- Myanmar CDC

ဇန်နဝါရီလ (၁)ရက်နေ့ကနေ ဇူလိုင်လ(၁၄)ရက်နေ့အထိ H1N1ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ (၄၈)ဦးထိရှိပါတယ်။ ဇန်နဝါရီလကနေ ဧပြီလထိကိုသေဆုံးသူမရှိခဲ့ပေမယ့် မေလမှာ(၁)ဦး၊ ဇွန်လမှာ(၂၅)ဦး၊ ဇူလိုင်လမှာတော့ (၁၄)ရက်နေ့ထိကို (၂၂)ဦးသေဆုံးလျှက်ရှိခဲ့တာပါ။

သေဆုံးသူ (၄၈)ဦးမှာတော့ ရန်ကုန်တိုင်းက (၃၈)ဦး၊ ဧရာဝတီတိုင်းက (၄)ဦး၊ ပဲခူးတိုင်းက (၂)ဦး၊ မွန်ပြည်နယ်က(၂)ဦး၊ စစ်ကိုင်းတိုင်းက (၂)ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းက သေဆုံးသူစာရင်း အများဆုံးဖြစ်ကြောင်းကိုလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။


က္က