တောင်ကြားအောက် အနက်ပေ ၃၀၀အောက်မှာ တွေ့ရှိခဲ့တာပါ။

ဇွဲကပင်တောင်တက်ရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသူကို ရှာဖွေရေး ဒုတိယနေ့ မနက်ပိုင်းမှာပဲ Drone ပုံရိပ်အရ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

photo- Myanmar Fire Services Department

ဇွဲကပင်တောင်ကြားလမ်းအောက်ပေအနက် ၃၀၀လောက်မှာ တွေ့ရှိတာဖြစ်ပြီး လက်ရှိမှာ မိန်းကလေးရဲ့ အလောင်းကို ပြန်လည်သယ်ယူနိုင်ရေးအတွက် ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။

“ တောင်ကြားလမ်းရဲ့ အောက်ဘက်မှာ Drone ပုံရိပ်အရတွေ့တာပါ။ အခုတောင်အောက်ဘက်ကိုဆင်းပြီး ပြန်လည်သယ်သူနိုင်ရေးအတွက်လုပ်နေပါပြီ။ အခက်အခဲတော့ရှိတယ်။ ဒါပေမယ့် ရအောင်တော့ ပြန်သယ်ရမှာပဲ။ အပေါ်ပြန်ရောက်ခါမှာ သူ့သေမှုသေခင်းကိုတော့ ရဲဘက်ဆိုင်ရာက ဆက်လုပ်ပါလိမ့်မယ်” လို့ ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက Duwun ကိုပြောပါတယ်။

photo- Myanmar Fire Services Department

ပျောက်ဆုံးနေခဲ့တဲ့ မိန်းကလေးက ဘားအံက တက္ကသိုလ်ကျောင်းသူ တစ်ဦးဖြစ်ပြီး ဇွန်လ (၂၅)ရက်နေ့ ညနေကတည်းက ဇွဲကပင်တောင်ပေါ်ကို တက်သွားရာမှာ ပြန်လည်ဆင်းလာနိုင်ခဲ့ပြီးမရှိဘဲ ပျောက်ဆုံးခဲ့တာပါ။

ရှာဖွေရေး လုပ်ငန်းတွေကို မနေ့က တစ်နေကုန်ဆောင်ရွက်ခဲ့ပြီး မိုးရွာသွန်းမှုအခြေအနေကြောင့် ညနေပိုင်းမှာ ရပ်နားခဲ့ကြပါတယ်။ ဒီကနေ့ မနက်ရှာဖွေရေးလုပ်ငန်းကို ပြန်လည်စတင်ရာ Drone နဲ့ရှာဖွေရင်း Droneပုံရိပ်အရ မိန်းကလေးရဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။





Share

Loading Next Article...
က္က