ဇွဲကပင် ဆရာတော်ထံ လျှောက်ထားမှုကို ဒီက‌နေ့ ညနေမှာလုပ်ဆောင်မယ်လို့ သိရပါတယ်။
Kyaw Ko Ko Sint

ဇွဲကပင်တောင်ပေါ်မှာ လူသေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်ခဲ့တာကြောင့် အခုလို စီစဥ်ရခြင်း ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ဘားအံမြို့က ဇွဲကပင်တောင်ပေါ်မှာ CCTV လုံခြုံရေးကင်မရာများ ထားရှိနိုင်ရေးနှင့် တစ်ဦး တည်းတောင်တက်ခွင့်မပြုဖို့ ကိစ္စတွေကို ဆောင်ရွက်ဖို့ ညှိနှိုင်း လုပ်ဆောင်လျက်ရှိတယ်လို့ ဘားအံမြို့နယ် အုပ် ချုပ်ရေးမှူး ဦးဇေထက်အောင်က Duwunကိုပြောပါတယ်။

“ဒီကိစ္စက အစိုးရချည်း လုပ်လို့မရပါဘူး။ပြည်သူလည်းပါရမယ်။နောက်ပြီး ဇွဲကပင်တောင် ဂေါပကအဖွဲ့တွေ လည်း ပူးပေါင်းပါဝင်ပြီး ဆရာတော့်ကို လျှောက်က အကောင်းဆုံး ဆောင်ရွက်ရမှာပါ။အခုကတော့ တစ်ဦးတည်း မတက်ဖို့နဲ့ CCTV ကင်မရာတွေ တပ်ဆင်ဖို့ ဆရာတော့်ကို တင်ပြသွားဖို့ရှိပါတယ်။အသေးစိတ်ဆွေးနွေးပြီးရင် တော့ ဘယ်လို ညှိနှိုင်းမှုတွေ ထွက်ပေါ်လာမလဲ မပြောပြတတ်သေးပါဘူး။”လို့ ဦးဇေထက်အောင်က ပြောပါ တယ်။

ဇွဲကပင်တောင် ဆရာတော်ဘုရားကိုတော့ အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေ ဒီနေ့မှာပဲ သွားရောက် လျှောက်ထား မယ်လို့လည်း သိရပါတယ်။

ဇွဲကပင်တောင်မှာတော့ လူသေဆုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ခန့်က တက္ကသိုလ်ကျောင်းသူတစ်ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါ ကျောင်းသူကို တောင်ကြားလမ်းအောက် ပေ ၃၀၀မှာ Drone အသုံးပြုပြီး သေဆုံးလျက် ပြန်လည်ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

မိန်းကလေးဟာ ဇွန်လ ၂၈ရက်နေ့ကတည်းက တောင်ပေါ်ကို တစ်ဦးတည်း တက်သွားပြီး ပြန်ဆင်း လာတော့ခြင်း မရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေခဲ့ရတာလည်း ဖြစ်ပါတယ်။

 သူမ သေဆုံးပြီး နှစ်ပတ်ခန့်အကြာမှာတော့ နောက်ထပ် တက္ကသိုလ်ကျောင်းသားတစ်ဦးလည်း ဇွဲကပင်တောင်ပေါ်မှာ သေဆုံးခဲ့တဲ့ ဖြစ်စဥ် ထပ်မံ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အဆိုပါ တက္ကသိုလ်ကျောင်းသားကတော့ သူ့ကိုယ်သူ သတ်သေမှာ ဖြစ်တဲ့အကြောင်းကို လွယ်အိတ်ထဲမှာ စာရေးသား ချန်ခဲ့ပြီး သူ့ကိုလည်း တောင်ခြေရဲ့ ပေ ၆၀၀ အနက်မှာ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တာလို့ သိရပါတယ်။


Author


က္က