ဇွဲကပင်တောင်ရဲ့ ပေ(၆၀၀)ခန့် အနက်မှာပြန်တွေ့တာပါ။
Ei Ei Htun

ဒီကနေ့ နေ့လယ်ပိုင်းက ကရင်ပြည်နယ် ဇွဲကပင်တောင်ပေါ်ကို တက်သွားတဲ့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေလို့ ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်လျှက်ရှိရာ ဒီကနေ့ ညနေပိုင်းမှာပဲ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

photo- Myanmar Fire Services Department

ပျောက်ဆုံးနေတဲ့ အမျိုးသားက အသက် (၂၁)နှစ်အရွယ် ဒုတိယနှစ် ဘူမိဗေဒ တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ပြီး သေတမ်းစာရေးသားခဲ့ကာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အလောင်းကို တောင်အောက်ကနေပြန်လည်သယ်ယူနေပါပြီ။

“ အလောင်းကိုခုမှသယ်တုန်းဗျ။ တောင်အောက် ပေ(၆၀၀)လောက်အနက်လောက်မှာတွေ့တာဆိုတော့ လမ်းလည်းမရှိတဲ့အတွက် ကယ်ဆယ်ရေးသမားတွေလည်းအခက်အခဲတော့ရှိတယ်။ ခုကယ်ဆယ်ရေးသမားတွေက အလောင်းတွေ့တဲ့နေရာတော့ရောက်သွားပြီ ပြန်သယ်လာနေကြပါပြီ”လို့ ရှာဖွေကယ်ဆယ်ရေးဆောင်ရွပ်ခဲ့တဲ့ ဘားအံခရိုင်မီးသတ်ဦးစီးမှူးဦးသန့်ဇင်ဝင်း ကDuwun ကိုပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားက ဘားအံတက္ကသိုလ်ကျောင်းသားဖြစ်ပြီး သူ့ရဲ့ ဖိနပ်ကို ဇွဲကပင်တောင်ထိပ် အိမ်သာနားမှာစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

photo- Myanmar Fire Services Department

တောင်ပေါ်မတက်ခင်က သူစီးလာတဲ့ဆိုင်ကယ်နဲ့ တခြားပစ္စည်းတွေကိုထားခဲ့ပြီး မိဘနှစ်ပါးကိုတောင်းပန်ကြောင်း စာတစ်စောင်ကို သေတမ်းစာအဖြစ်ရေးသားကျန်ခဲ့ပါတယ်။

ဇွဲကပင် ‌တောင်ပေါ်မှာ လွန်ခဲ့တဲ့ ၂ပတ်ခန့်ကလည်း ဘားအံတက္ကသိုလ်က ကျောင်းသူတစ်ဦး ဇွဲကပင်တောင်ပေါ်တက်ပြီး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ရှာဖွေချိန် တစ်ရက်အကြာမှာ တောင်အောင်အနက်ပေ ၃၀၀ ဝန်းကျင်မှာ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။






Author


က္က