မတ်လ ၂၈ ရက်ကစပြီး အကန့်အသတ်မရှိပိတ်ထားခဲ့တာပါ။

COVID-19 ဂယက်ကြောင့် ပိတ်ထားခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းက ဘုရားစေတီတော်တွေကို ဇွန်လ ၁ ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ သက်ဆိုင်ရာ ဘုရား ဂေါပကအဖွဲ့တွေထံကနေသိရပါတယ်။

ရန်ကုန်မြို့ရဲ့ အထင်ကရ ဘုရားစေတီတော်တွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်၊ ဗိုလ်တစ်ထောင်စေတီတော်နဲ့ ဆူးလေစေတီတော်တို့ကို ဇွန်လ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဦးမှာမဟုတ်သေးသလို ဘယ်အချိန်မှာ ပြန်လည်ဖွင့်လှစ်နိုင်မလဲဆိုတာကိုလည်း အတိအကျမပြောနိုင်သေးဘဲ ညွန်ကြားချက်အပေါ်မူတည်တယ်လို့ ဘုရားဂေါပကအဖွဲ့တွေက Duwun ကိုပြောပါတယ်။



“ ကျွန်တော်တို့က ဖွင့်ချင်တာပေါ့လေ။ ဒါပေမယ့် ရောဂါဖြန့်ဝေတဲ့ဌာနကြီးတော့ အဖြစ်မခံချင်ပါဘူး။ လောလောဆယ်တော့ ဘုရားတွေ ပြန်ဖွင်ဖို့ ဆုံးဖြတ်ချက်မထားပါဘူး။ ဇွန်လ ၁ ရက်နေ့ လည်း မဖွင့်နိုင်သေးပါဘူး။” လို့ ရွှေတိဂုံဘုရားဂေါပကအဖွဲ့မှ ဦးရဲအောင်က Duwun ပြောပါတယ်။

 “ ဆူးလေ ဘုရားပြန်ဖွင့်ဖို့ အတွက် မဆုံးဖြတ်ရသေးပါဘူး။ ဘယ်တော့လောက် ပြန်ဖွင့်မလဲဆိုတာကို အထက်က ညွန်ကြားချက် ဘာမှမရသေးပါဘူး။” လို့ ဆူးလေဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်အောင် လူစုလူဝေးနဲ့ ပွဲလမ်းဘဘင်တွေ မကျင်းပဖို့ အစိုးရက မတ်လဆန်းပိုင်းကတည်းက ကြေညာထားခဲ့ရာမှာ ရန်ကုန်မြို့ရဲ့ လူစည်ကားရာ ဘုရားတွေဖြစ်တဲ့ ဗိုလ်တစ်ထောင်နဲ့ ဆူးလေတို့ကို မတ်လ ၂၈ ရက်ကစပြီး အကန့်အသတ်မရှိပိတ်ထားခဲ့သလို ရွှေတိဂုံစေတီတော်ကိုတော့ အချိန်အကန့်အသတ်နဲ့ ဖွင့်ပေးခဲ့ပြီးနောက်မှာတော့ ဧပြီလ ၁ ရက်နောက်ပိုင်းကစလို့ လုံး၀ ပိတ်ထားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က