၅ ဦးကတော့ ပြန်လည်ပျောက်ကင်းသွားပါပြီ။
Mi Thawdar Aung

ဒီကနေ့ ဇွန်လ ၂၈ ရက် တစ်ရက်တည်းမှာတင် အိန္ဒိယက ပြန်လာတဲ့ တပ်မတော်သား ၅ ဦး မှာ COVID-19 ပိုးတွေ့ရှိခဲ့တာကြောင့် ဇွန်လအတွင်း အိန္ဒိယပြန် တပ်မတော်သား ၁၀ ဦးအထိ ရောဂါပိုးတွေ့ရှိထားတယ်လို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ဇွန်လ ၂၈ ရက် မနက် ၈ နာရီထုတ်ပြန်ချက်အရ အိန္ဒိယက ပြန်လာပြီး လှိုင်မြို့နယ်မှာ အသွားအလာကန့်သတ်ထားသူ အသက် ၂၂ နှစ်နဲ့ ၂၃ နှစ်အရွယ် တပ်မတော်သား ၂ဦးမှာ ပိုးတွေ့ခဲ့ပြီး သူတို့ကို တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးမှာ ကုသမှုပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ည ၈ နာရီထုတ်ပြန်ချက်မှာလည်း ပိုးတွေ့လူနာ ၃ ဦးထပ်တိုးခဲ့ရာမှာ ၃ ဦးစလုံးဟာ အိန္ဒိယ ပြန်တပ်မတော်သားတွေဖြစ်ပြီး လှိုင်မြို့နယ်မှာပဲ အသွားအလာကန့်သတ်ထားတဲ့သူတွေပါ။

အသက် ၂၄ နှစ်အရွယ်နှစ်ဦးနဲ့ ၂၃ နှစ်အရွယ် တစ်ဦးတို့ ဖြစ်ပြီး တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇွန်လ ၁ ရက်ကနေ ဇွန်လ ၂၈ ရက်အထိ ဆိုရင် အိန္ဒိယက ပြန်လာခဲ့ကြတဲ့ တပ်မတော်သားတွေထဲကမှ ၁၀ ဦးမှာ ပိုးတွေ့ရှိထားခဲ့ပြီး ၅ ဦးကတော့ ရောဂါပိုးပြန်လည်ကင်းစင်သွားခဲ့ပြီလို့ ဝန်ကြီးဌာနအချက်အလက်တွေကို ကိုးကားချက်အရသိရပါတယ်။

ပထမဆုံးပိုးတွေ့ရှိခဲ့တဲ့ တပ်မတော်သားကတော့ ပြီးခဲ့တဲ့ မေလအတွင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတစ်ဦးဖြစ်ပြီး ပြည်တွင်းကူးစက်မှုလို့ သတ်မှတ်နိုင်ပြီး လက်ရှိအချိန်မှာတော့ ရောဂါပိုးပြန်လည်ကင်းစင်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီကနေ့ ဇွန်လ ၂၈ ရက် ည ၈နာရီအထိဆိုရင် COVID-19 အတည်ပြုလူနာ ၂၉၉ ဦးရှိတဲ့အထဲကမှ ရောဂါပိုးပြန်လည်ကင်းစင်သွားသူ ၂၁၈ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိပြီး ကုသမှုခံယူနေဆဲ လူနာကတော့ ၇၅ ဦးသာ ရှိနေတယ်လို့လည်း သိရပါတယ်။


Author


က္က