ကိုဗစ်ထိန်းချုပ်ရေးကာလအတွင်းမှာ မီတာခတွေကို ကင်းလွတ်ခွင့်ပေးနေတာပါ။

ဇွန်လ တစ်လလုံးအတွက် မီတာခတွေကို ယူနစ် ၁၅၀ အထိ အခမဲ့သုံးစွဲခွင့်ပြုမှာဖြစ်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီကနေ့ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးတိုးမြှင့်ခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ၁၅ ရက်အထိ ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၇၅ ယူနစ် အခမဲ့ပေးမယ်လို့ ကြေညာပြီးတဲ့နောက် အခုအခါမှာလည်း ထိန်းချုပ်ရေးတိုးမြှင့်တဲ့ ဇွန်လ ၁၆ ရက်ကနေ ၃၀ ရက်အထိ နောက်ထပ် ၇၅ ယူနစ်အခမဲ့ ထပ်မံပေးသွားမှာပါ။

Photo- MOEE

ဒါကြောင့် ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိနေ့ အထိ ပြည်သူတွေ ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ အတွက် အိမ်သုံးမီတာခ စုစုပေါင်း (၁၅၀) ယူနစ် ၊ ကျသင့်ငွေ (၁၁၅၅၀) အထိ အခမဲ့ပေးမှာဖြစ်ပါတယ်။

၁၅၀ ယူနစ်နဲ့ အထက် သုံးစွဲမှုတွေကိုတော့ အလွှာလိုက် သတ်မှတ်ချက်နှုန်းထားတွေအတိုင်းကောက်ခံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အထူးကိစ္စအဖြစ်ကင်းလွတ်ခွင့်ပြုခဲ့တဲ့ အစိုးရမဟုတ်တဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေကလွဲရင် သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကျန်သုံးစွဲသူတွေအားလုံးကတော့ အရင်သတ်မှတ်ချက်နှုန်းထားအတိုင်းပေးဆောင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အစိုးရအနေနဲ့ COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ဧပြီလကတည်းက အိမ်သုံးမီတာခ ၁၅၀ယူနစ်ကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး အခု ဇွန်လကုန်အထိ ဆိုရင် သုံးကြိမ်ဆက်တိုက် အခမဲ့ပေးခဲ့တာဖြစ်ပါတယ်။


Share

Loading Next Article...
က္က