ကမ်းခြေတွေကို မတ်လ ၂၄ ရက်နေ့ကတည်းက စတင်ပိတ်ခဲ့တာဖြစ်ပါတယ်။
Ye Yint Htay

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေနဲ့ ကမ်းခြေက ဟိုတယ်တွေကို စစ်ဆေးမှုပြုလုပ်နေပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေပါပြီ။

လက်တလောမှာတော့ အစိုးရက ကိုဗစ် - ၁၉ ကာလ အမိန့် ညွှန်ကြားမှုအချို့ကို ဇွန်လ ၁၅ ရက်နေ့အထိ သက်တမ်းတိုးမြင့်ထားတာကြောင့် ဒီ ၁၅ ရက်အတွင်း တော့ ကမ်းခြေတွေနဲ့ ကမ်းခြေက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေကို ဖွင့်လှစ်ပေးဖို့မရှိဘူးလို့သိရပါတယ်။ '' ချောင်းသာ၊ ငွေဆောင် ဂေါ်ရန်ဂျီစတဲ့ ကမ်းခြေဒေသတွေက ဟိုတယ်နဲ့ တည်းခိုခန်းတွေကို စစ်ဆေးမှုတွေ မလုပ်ရသေးပါဘူး။တကယ်လို့ စစ်ဆေးမှုတွေပြီးစီးသွားရင်တော့ ကမ်းခြေတွေကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အစီအမံတွေ ရေးဆွဲလုပ်ဆောင်နေပါတယ်။"လို့ ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ဧရာဝတီတိုင်းထဲမှာဆိုရင် အများပြည်သူ အပန်းဖြေရန် သွားလာမှုအများဆုံးဖြစ်တဲ့ချာင်းသာကမ်းခြေ၊ ငွေဆောင်၊ဂေါ်ရန်ဂျီ၊ ရွှေသောင်ယံစသဖြင့် ကမ်းခြေတွေရှိနေပါတယ်။ကမ်းခြေတွေကို မတ်လ ၂၄ ရက်နေ့ကတည်းက စတင်ပိတ်ခဲ့တာဖြစ်ပြီး ပိတ်ထားစဉ်ကာလအတွင်း ဝန်ထမ်းတွေကို လစာတဝက်ပုံစံနဲ့ နားခွင့်ပေးထားကြောင်း၊ လတ်တလောမှာတော့ ကမ်းခြေပြန်ဖွင့်ဖို့ ၊

ဟိုတယ်တွေပြန်ဖွင့်ဖို့ အစီအမံတွေရေးဆွဲထားတယ်လို့ ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနိုင်ဝင်းကပြောပါတယ်။

"ပြန်ဖွင့်မယ့်အချိန်အတိအကျကတော့ မသိရသေးဘူး ။တိုင်းအစိုးရကလုပ်ငန်းစီမံချက်ပေါ့ ဖွင့်ဖို့အတွက် ကမ်းခြေ ဟိုတယ်နဲ့ပတ်သက်လို့တော့ စိမံချက်တွေတင်ထားတယ်။ပြန်ဖွင့်ရင် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ စည်းကမ်း ချက်တွေအတိုင်း လုပ်သွားမှာပါ။ ပြန်ဖွင့်နိုင်ပြီဆိုတဲ့အချိန် ထပ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေ အပေါ်လိုက်နာသွားမှာပါ။ကမ်းခြေကို အချိန်အကန့်အသတ်နဲ့ ဖွင့်တာမျိုးလည်း ထုတ်ပြန်ချက်မှာ ပါနိုင်တယ်။ဟိုတယ်လုပ်ငန်းတွေထိခိုက်တာပေါ့"လို့ ဦးနိုင်ဝင်းကပြောပါတယ်။

ချောင်းသာကမ်းခြေမှာဆိုရင် ဟိုတယ် ၃၉လုံး၊ တည်းခိုခန်း ၅၉လုံးနဲ့ ငွေဆောင်ကမ်းခြေမှာဆိုရင် ဟိုတယ် ၃၃လုံး၊ တည်းခိုခန်း ၄၆လုံးရှိပြီးဖြစ်ပါတယ်။ ဒီကမ်းခြေတွေဟာ ပြည်တွင်းခရီးသွားဧည့်သည်သွားလာမှု အများဆုံးဖြစ်ပါတယ်။ ကိုဗစ်ဖြစ်တဲ့ကာလဟာ မြန်မာနိုင်ငံရဲ့ခရီးသွားရာသီကာလ ဖြစ်လို့ ဟိုတယ်တွေအားလုံး ပိတ်ထားရပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လေကြောင်းလိုင်းတွေ ၊ပြည်ပဝင်ရောက်မှုတွေ ၊ပြည်တွင်းခရီးသွားလာမှုတွေ စသဖြင့် လူစုလူဝေးဖြစ်စေမယ့်ကိစ္စတွေကို အစိုးရက တားမြစ်ခဲ့ပါတယ်။

ဒါကြောင့် ဟိုတယ်လုပ်ငန်းတွေ ၊ခရီးသွားလုပ်ငန်းတွေဟာ ကိုဗစ် သက်ရောက်မှု ဆိုးကျိုးကို တိုက်ရိုက် ခံစားခဲ့ရပါတယ်။ တိုင်းဒေသကြီးထဲကဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့ကနေ ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးမှုပြုလုပ်ပြီးနောက် ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သည့်သတင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ


က္က