အနုပညာလောကကနေ ပျောက်ကွယ်အောင်လုပ်နေတာပါတဲ့။

ဝိုင်းစုခိုင်သိန်း ကတော့ သူ့ရဲ့ We Love လေးတွေနဲ့ စကားတွေပြောလို့ရအောင် ဖေ့စ်ဘွတ်ပေါ်မှာ ပုံလေးတွေ တင်ခဲ့ပါတယ်။ အတိုက် အခိုက် တွေရှိတာကြောင့် အွန်လိုင်း မသုံးပဲ ခဏနားနေတာပါလို့လည်း ဆက်လက်ပြောပြလာပါတယ်။

Photo: ဝိုင်းစုဖေ့စ်ဘွတ်

 

အနုပညာအလုပ်တွေ ပုံမှန်လုပ်ဖြစ်နေတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက အွန်လိုင်းပေါ်က ပရိသတ်တွေနဲ့ ပုံလည်းမတင် စကားမပြောဖြစ်တာ လည်းကြာပြီလို့ ဆိုပါတယ်။ အွန်လိုင်းပုံမှန်မသုံးဖြစ်တာကလည်း သူတို့ ချစ်သူနှစ်ယောက်ကို အနုပညာလောက ကနေ ပျောက်ကွယ်သွား အောင် တိုက်ခိုက်နေကြတဲ့ သူတွေကြောင့်ပါလို့ ပြောပြထားပါတယ်။

'' ဝိုင်းစုတို့ကို ပွဲတွေမဝင်အောင် အနုပညာလောကကနေ ပျောက်ကွယ်သွားအောင် အကြံအစည် အပြည့်နဲ့ လိုက်လုပ်နေတဲ့သူတွေကို စိတ် ချမ်းသာပါစေတော့ဆိုတဲ့စိတ်နဲ့  ပွဲပုံတွေတင်မကပဲ ထသွားထလာပုံပါ လုံးဝမတင်ခဲ့ဘူး။ သူတို့ဖြစ်စေချင်တဲ့အတိုင်း အပျောက်နေ ပေးခဲ့ ပေမဲ့ဝိုင်းစုကို တကယ့်စိတ်ရင်းနဲ့ ချစ်ခင်အားပေးနေကြတဲ့ fanတွေအတွက် ပုံလေးတွေပြန်တင်ပေးတော့မယ်နော်'' လို့ သူကဆိုပါတယ်။

Photo: ဝိုင်းစုဖေ့စ်ဘွတ်

တကယ်ချစ်တဲ့ အချစ်ကို အခုမှသိတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း 

အတိုက်အခိုက်တွေကြားက အနုပညာအလုပ်တွေ လုပ်ဖြစ်နေတဲ့ ဝိုင်းစုခိုင်သိန်းဟာ မေတ္တာ၊ စေတနာပဲ ထားလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်သူတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့လည်း ဆိုတောင်းပေးတယ် ဆိုပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့တာဖြစ်ပါတယ်။

''ဝိုင်းစုတို့ကို နှောင့်ယှက်ခဲ့သော၊ နှောင့်ယှက်နေဆဲသူတွေကိုလည်း တကယ့်စိတ်ရင်းစေတနာ အစစ်နဲ့ ဆုတောင်းပေးပါတယ် အားလုံးပဲ စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ အလုပ်အကိုင်တွေ အဆင်ပြေပြီး ဝိုင်းစုတို့လို မိဘတွေ ကို လိုလေသေးမရှိ လုပ်ကျွေးပြုစုနိုင်တဲ့ သားသမီး ကောင်း သားသမီးမြတ်တွေဖြစ်ကြပါစေ'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ဝိုင်းစုဖေ့စ်ဘွတ်

 

အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ အဆိုတော် အောင်လ တို့ စုံတွဲလေးကတော့ ပရိသတ်အားကျရတဲ့ အနုပညာရှင် စုံတွဲတွေထဲက တစ်တွဲ အပါအဝင် ဖြစ်ပါတယ်။ ဝိုင်းစုကိုယ်တိုင်ကလည်း လူတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်ဖို့ ဆိုတာ အခုမှ သိလာတာ ဆိုပြီးတော့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ဝိုင်းစုက လူတစ်ယောက်ကို တကယ်ချစ်တဲ့ အချစ်ကို အခုမှ သိတာပေါ့နော်။ ပေးဆပ်တဲ့ အချစ်လို့ ထင်တာပဲ။ ဝိုင်းစုနဲ့ ပတ်သက်ပြီးတော့ လည်း တော်တော်များများပြောင်းလဲပေးတယ်။ သူနဲ့ ဝိုင်းစုနဲ့ ကံကောင်းတာက သူသိတာ ဝိုင်းစု မသိဘူး။ သူမသိတာတွေ ဝိုင်းစု သိတော့ လိုအပ်တာတွေ ထောက်ပြလို့ရတယ်'' လို့ သူကဆိုပါတယ်

Photo: ဝိုင်းစုဖေ့စ်ဘွတ်

 

အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးတွဲနေတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ၂၀၁၇ခုနှစ်ထဲမှာ အသိပေးခဲ့တာ ဖြစ်ပါတယ်။ ငယ်ရည်စားတွေ ဖြစ်တဲ့ အောင်လနဲ့ ဝိုင်းစုတို့ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေနဲ့ သဘောထားချင်း မတိုက်ဆိုင်တာကြောင့် လမ်းခွဲခဲ့ကြပြီးနောက် ပြန်တွဲခဲ့ကြတာပါ။

Share

Loading Next Article...
က္က