ဩစတြေးလျမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးအမှုတစ်ခု ဖြစ်ပါတယ်။
Ko John

ဩစတြေးလျနိုင်ငံမှာ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ကားက ရပ်ထားတဲ့ ရဲကားတွေကို ဝင်တိုက်မိရာမှ မူးယစ်ဆေးဝါး သယ်ဆောင်သူကို ဖမ်းမိသွားခဲ့ပြီး ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

(Photo: NSW Police)

အသက် ၂၈ နှစ်အရွယ် ဆိုင်မွန်တူဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ပေါင် ၅၇၀ ရှိ အလေးချိန်ရှိ မူးယစ်ဆေးဝါးတွေကို ဗင်ကားတစ်စီးထဲမှာ တင်ဆောင်မောင်းနှင်လာခဲ့စဥ် လမ်းချော်သွားခဲ့ပြီး ရပ်ထားတဲ့ ရဲကားနှစ်စီးကို ဝင်တိုက်ခဲ့မိပါတယ်။

ထို့နောက် ရဲအရာရှိတွေက ဗင်ကားကို လိုက်လံရှာဖွေခဲ့ပြီး ဆိုင်မွန်ကို ဖမ်းဆီးကာ ကားကိုစစ်ဆေးခဲ့ရာမှ အမေရိကန်ဒေါ်လာ ၉၅ သန်း တန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။ ယခုအခါမှာ ဆိုင်မွန်ကို မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ခြောက်နှစ်ခွဲ ချမှတ်လိုက်ကြောင်း သိရပါတယ်။

(မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့သူ ဆိုင်မွန်) (Photo: Daily Mail)

ဆိုင်မွန်ရဲ့ဗင်ကားထဲမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့မှုဟာ New South Wales ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့သူမျှ မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေအနက် အလွယ်ကူဆုံးတစ်ခု ဖြစ်ခဲ့တယ်လို့ ထိုစဥ်က စုံစမ်းစစ်ဆေးရေး ရဲအရာရှိ ဂလင်းဘိတ်ကာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆိုင်မွန်ဟာ မူးယစ်ဆေးဝါးများ တင်ဆောင်လာတဲ့ ဗင်ကားကို မောင်းနှင်လာစဥ် ဆစ်ဒနီမြို့ရှိ Eastwood ရဲစခန်းအပြင်ဘက်မှာ ရပ်ထားတဲ့ ရဲကားနှစ်စီးကို ဝင်တိုက်ခဲ့ရာ တစ်စီးဟာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ထို့နောက် ဆိုင်မွန်က ကားကိုမရပ်ဘဲ မောင်းပြေးခဲ့ပေမဲ့ CCTV မှတ်တမ်းနဲ့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားမှုအရ ၎င်းရဲ့ဗင်ကားဖြစ်ကြောင်း ရဲတပ်ဖွဲ့က သိရှိသွားပါတယ်။ တစ်နာရီခန့်အကြာမှာတော့ ရဲတပ်ဖွဲ့က ဆိုင်မွန်နဲ့ ၎င်းရဲ့ဗင်ကားကို ခြေရာခံ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

(Photo: NSW Police)

၎င်းဟာ အစားအစာ ပို့ဆောင်ခြင်းဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ ရဲအရာရှိတွေနဲ့ မျက်လုံးချင်းမဆုံမိရန် ရှောင်နေခဲ့ပြီး ဂနာမငြိမ်ဖြစ်နေတဲ့ ဆိုင်မွန်ရဲ့ အခြေအနေက မသင်္ကာဖွယ် ဖြစ်နေခဲ့ပါတယ်။ ထို့နောက် ရဲတပ်ဖွဲ့က ဆိုင်မွန်ရဲ့ဗင်ကားထဲမှာ ရှာဖွေခဲ့ရာမှာတော့ အိုက်စ် (ice) လို့လည် လူသိများတဲ့ မက်သာဖက်တမင်း (methamphetamine) မူးယစ်ဆေးဝါးတွေကို တွေ့ရှိသွားခဲ့ကြပါတယ်။ ထိုအချိန်က ဆိုင်မွန်ဟာ အကြွေးနွံနစ်နေခဲ့ပြီး အရက်နဲ့ ကိုကင်းကို နေ့စဥ် သောက်သုံးနေသူဖြစ်ကြောင်း Downing Centre District တရားရုံး ကြားနာစစ်ဆေးမှု မှတ်တမ်းအရ သိရှိရပါတယ်။

(Photo: NSW Police)

၎င်းကို Downing Centre District တရားရုံးမှ တရားသူကြီး ပန်နီဟော့ခ်က သောကြာနေ့ (စက်တင်ဘာ ၁၁ ရက်) မှာ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဆိုင်မွန်နဲ့အတူ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့မှုဟာ ၎င်းအတွက် ကံအဆိုးဆုံးဖြစ်ခဲ့ပေမဲ့ လူ့အသိုင်းအဝိုင်းအတွက် ကြီးမားတဲ့ အကျိုးပြုမှုဖြစ်ခဲ့တယ်လို့ တရားသူကြီးက ဆိုပါတယ်။ တရားရုံး ပြဏ်ဒဏ်သတ်မှတ်ချက်အရ ဆိုင်မွန်ဟာ ၂၀၂၃ ခုနှစ်မှာ ပြဏ်ဒဏ်ကာလမစေ့မီ လွတ်မြောက်မယ်လို့လည်း BBC သတင်းက ဖော်ပြပါတယ်။ 

.


Author


က္က