အက်ပလီကေးရှင်းကို ပြန်ဝင်သုံးလိုက်ရင်းက နံပါတ်တူ ဒုတိယ ထီလက်မှတ်တစ်စောင်ကို ဝယ်ယူမိခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်မှ အမျိုးသားတစ်ဦးက မတော်တဆ ထီလက်မှတ် အပိုတစ်စောင်ဝယ်ယူခဲ့မိရာမှ ဒေါ်လာ ၁ သန်း ထီနှစ်ဆုပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: MLive)

အသက် ၅၆ နှစ်အရွယ် ဆမာရ်မာဇာဟမ် အမည်ရှိ အမျိုးသားက ဇွန်လ ၉ ရက်နေ့မှာထွက်ရှိတဲ့ Mega Millions ထီလက်မှတ်ကို အွန်လိုင်းကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ၎င်းက မိသားစုဝင်တွေရဲ့ မွေးနေ့တွေဖြစ်တဲ့ ၀၁-၀၅-၀၉-၁၀-၂၃ ဂဏန်းကို ဝယ်ယူခဲ့ကြောင်း NBC News က ဖော်ပြပါတယ်။ ထိုထီလက်မှတ်နံပါတ်ကို နောက်အကြိမ်တွေမှာလည်း ဝယ်ယူနိုင်ရန် အကြိုက်ဆုံးအဖြစ် သိမ်းဆည်းထားရန် မေ့သွားခဲ့ပြီးနောက် မာဇာဟမ်က ထီနံပါတ်ကို သိမ်းဆည်းရန် Michigan Lottery အက်ပလီကေးရှင်းကို ပြန်ဝင်ခဲ့ပါတယ်။



(Photo: Shutterstock/alisafarov)

"ကျွန်တော် အက်ပလီကေးရှင်းကို ပြန်ဝင်သုံးလိုက်ရင်းက နံပါတ်တူ ဒုတိယ ထီလက်မှတ်တစ်စောင်ကို ဝယ်ယူဖြစ်သွားမယ်လို့ မသိခဲ့ဘူးဗျ၊ နောက်တော့မှ ကျွန်တော် နံပါတ်အတူတူနဲ့ လက်မှတ်နှစ်စောင် ဝယ်ခဲ့မိပြီဆိုတာသိခဲ့တာ၊ နည်းနည်းတော့ ညံ့သွားခဲ့ပေမဲ့ အဲဒီအကြောင်း အများကြီး တွေးမနေခဲ့ပါဘူး" လို့ ထူးထူးခြားခြား ကံထူးရှင်ဖြစ်ခဲ့သူ မာဇာဟမ်က ပြောပါတယ်။

ကျွန်တော့်အမှားနဲ့ ထီလက်မှတ်ပိုဝယ်ခဲ့ရာကနေ ဒေါ်လာ ၂ သန်း ထီပေါက်ပြီဆိုတဲ့ အဖြစ်မှန်ကို ရက်အနည်းကြာမှ လက်ခံခဲ့မိတယ်

(Photo: Google Maps)

"ကျွန်တော် အသက်ရှူမှားပြီး မူးမေ့မတတ်ဖြစ်သွားခဲ့တယ်ဆိုရင် လျှော့ပေါ့ပြောရာကျပါတယ်၊ တစ်ကယ်ဖြစ်နေတယ်ဆိုတာ ကျွန်တော် မယုံနိုင်ခဲ့ဘူးလေ၊ ကျွန်တော့်အမှားနဲ့ ထီလက်မှတ်ပိုဝယ်ခဲ့ရာကနေ ဒေါ်လာ ၂ သန်း ထီပေါက်ပြီဆိုတဲ့ အဖြစ်မှန်ကို ရက်အနည်းကြာမှ လက်ခံခဲ့မိတယ်" လို့ မာဇာဟမ်က ဖွင့်ဟခဲ့ပါတယ်။

ကံထူးရှင် မာဇာဟမ်က ထီဆုငွေဖြင့် အိမ်တစ်လုံးဝယ်ယူပြီး ကျန်ရှိတဲ့ငွေတွေကိုတော့ ဘဏ်မှာအပ်နှံထားမယ်လို့ ဆိုပါတယ်။ "ထီပေါက်တာက စိတ်လှုပ်ရှားစရာပါ၊ နောက် ကျွန်တော် အလုပ်နားတဲ့အခါ အဆင်ပြေတာပေါ့၊ ဘဏ်ထဲမှာ ပိုက်ဆံရှိနေမယ်လေ" လို့ မာဇာဟမ်က ပြောခဲ့ပါတယ်။

.

Share

Loading Next Article...
က္က