၁၅ ပေအထိနက်တဲ့ မြေအောက်ထဲကို ရောက်သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ Bronx အရပ်ရှိ လူနေရပ်ကွက်တစ်ခုမှာ ပလက်ဖောင်းကျွံပြီး အမျိုးသားတစ်ဦး ကြွက်တွေနဲ့ပြည့်နေတဲ့ တွင်းထဲကျသွားတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

(Photo: CBS2)

ပလက်ဖောင်းအခင်းကျွံကျပြီး ကြွက်တွေပြည့်နေတဲ့ မြေအောက်တွင်းထဲရောက်သွားခဲ့ အဆိုပါဖြစ်ရပ်ဟာ ထိုအမျိုးသားအတွက် စိတ်ချောက်ချားစရာဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံယူခဲ့ရကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ (အောက်တိုဘာ ၂၄ ရက်) က Leonard Shoulders အမည်ရှိ အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ Bronx အရပ်ရှိ Belmon ရပ်ကွက်အတွင်း ဘတ်စ်ကားမှတ်တိုင်နေရာရှိ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားနေခဲ့စဥ် ပလက်ဖောင်းရဲ့ ကွန်ကရစ်ကြမ်းခင်း အက်ကွဲသွားခဲ့ပြီး ၎င်းဟာ မြေအောက်ကို ကျွံကျသွားခဲ့ပါတယ်။



(Photo: CBS New York)

အသက် ၃၃ နှစ်အရွယ် Leonard ဟာ လမ်းလျှောက်သွားနေရင်း ပလက်ဖောင်းကျွံကျပြီး မြေအောက်ကျသွားခဲ့တာကို အနီးအနားရှိ CCTV မှတ်တမ်းဗီဒီယိုမှာ တွေ့ခဲ့ကြပါတယ်။ ပလက်ဖောင်းကျွံကျပြီးနောက် Leonard ဟာ ၁၅ ပေအထိနက်တဲ့ မြေအောက်ထဲကို ရောက်သွားခဲ့ပါတယ်။ ၎င်းဟာ မီးသတ်တပ်ဖွဲ့က လာရောက်ကယ်တင်ခြင်းမပြုမီ မြေအောက်မှာ မိနစ် ၃၀ ခန့် ပိတ်မိနေခဲ့တယ်လို့ ဆိုပါတယ်။

ကြွက်တွေက သူ့အပေါ်ကနေ ဖြတ်သွားနေကြတယ်၊ သူက မလှုပ်နိုင်ဘူးလေ၊ နောက်ပြီး ကြွက်တွေ ပါးစပ်ထဲဝင်မှာကြောက်လို့ သူ အော်လည်း မအော်ချင်ခဲ့ဘူးတဲ့

"ကြွက်တွေက သူ့အပေါ်ကနေ ဖြတ်သွားနေကြတယ်၊ သူက မလှုပ်နိုင်ဘူးလေ၊ နောက်ပြီး ကြွက်တွေ ပါးစပ်ထဲဝင်မှာကြောက်လို့ သူ အော်လည်း မအော်ချင်ခဲ့ဘူးတဲ့" လို့ Leonard နဲ့ ညီအကိုတော်စပ်သူ Greg White က CBS News ကို ပြောခဲ့ပါတယ်။ "ကျွန်တော် အဲဒီမြေအောက်ထဲကို လှမ်းကြည့်လိုက်တော့ ဒီလူက သူ့လက်ကိုပဲ လှုပ်ပြနေခဲ့တယ်" လို့ မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဆိုပါတယ်။

(Photo: AFP/Getty Images)

နောက်ဆုံးမှာတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က Leonard ကို တွင်းထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ Leonard ဟာ လက်မောင်း၊ ခြေထောက်နဲ့ မျက်နှာမှာ ဒဏ်ရာများရခဲ့ပြီး ၎င်းကို St Barnabas ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။ ကြာသတေးနေ့ (အောက်တိုဘာ ၃၀ ရက်) မှာတော့ Leonard ရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်း ဆေးရုံက New York Times သတင်းဌာနကို ပြောပါတယ်။

"သူ စိတ်ချောက်ချားသွားတယ်၊ သူပြောတာက သူ အောက်ဖက်ကို တည့်တည့်ကျသွားခဲ့တယ်၊ ပြီးတော့ ဆက်တိုက်ပဲ ပြုတ်ကျသွားတယ်၊ ဒါပေမဲ့ အမှိုက်တွေကျလာပြီး သူ့ခေါင်းကိုထိခဲ့တယ်ပြောတယ်" လို့ Leonard ရဲ့ မိခင်ဖြစ်သူ Cindy White က NBC New York သတင်းဌာနကို ပြောခဲ့ပါတယ်။

Loenoard ရဲ့ ဖြစ်တောင့်ဖြစ်ခဲ ယခုဖြစ်ရပ်ကို နယူးယော့ခ်မြို့ခံတွေက အိပ်မက်ဆိုးတစ်ခုဖြစ်ကြောင်း ပြောကြပါတယ်။ နယူးယော့ခ်မှာ ကြွက်တွေ ပျံ့နှံ့များပြားနေခဲ့တာ ကြာပြီလို့ဆိုပါတယ်။ ကြွက်ကဲ့သို့ တိရိစ္ဆာန်ကျွမ်းကျင်သူတွေရဲ့ အဆိုအရ COVID-19 ကပ်ရောဂါကာလအတွင်း ကြွက်တွေဟာ အစာရှာရန် တွင်းအောင်းနေရာကနေ အပြင်ကို ပိုထွက်လာကြကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က