ဘောက်ဆူးငွေပမာဏဟာ မြန်မာကျပ်ငွေဖြင့်ဆိုပါက ၃၉ သိန်းကျော် ဖြစ်ပါတယ်။

အမေရိကန်မှာ COVID-19 ကူးစက်မှုတွေကြောင့် စားသောက်ဆိုင်များပိတ်ထားစဥ် ဘီယာသောက်သူတစ်ဦးက ဘီယာတစ်ခွက်အတွက် ဘောက်ဆူး ဒေါ်လာ ၃,၀၀၀ (မြန်မာကျပ်ငွေ ၃၉ သိန်းကျော်) ပေးထားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Brendan Ring/Facebook)

အမျိုးသားတစ်ဦးဟာ နိုဝင်ဘာ ၂၂ ရက်နေ့က Nighttown စားသောက်ဆိုင်မှာ အမေရိကန်ဒေါ်လာ ၇.၀၂ ကျသင့်တဲ့ ဘီယာတစ်ခွက်မှာသောက်ခဲ့တယ်လို့ ဆိုင်ပိုင်ရှင် Brendan Ring က Facebook မှာ ရေးသားထားပါတယ်။ ထိုအမျိုးသားက သူ့ကို အဆင်ပြေပါစေလို့ ပြောပြီးနောက် ဘောက်ဆူးငွေကို ဆိုင်ဝန်ထမ်းလေးဦးနဲ့အတူ ခွဲဝေယူကြရန် ပြောသွားခဲ့ကြောင်း Brendan Ring က ဆိုပါတယ်။



ဘီယာတစ်ခွက်သောက်သွာတဲ့ အမျိုးသား ဆိုင်ကနေပြန်ထွက်သွားစဥ် Brendan Ring က ဘောက်ဆူးငွေကို စစ်ကြည့်ရာမှာ အမှန်တစ်ကယ် ဒေါ်လာ ၃,၀၀၀ ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ ထို့နောက် Brendan Ring က ထိုအမျိုးသားနောက်သို့ ပြေးလိုက်သွားခဲ့ရာ မှားပေးခဲ့တာမဟုတ်ကြောင်းနဲ့ ဆိုင်ပြန်ဖွင့်ချိန်မှာ တွေ့ကြမယ်လို့ ပြောသွားခဲ့ပါတယ်။

(Photo: Google Maps)

ဘီယာသောက်သွားတဲ့ အမျိုးသားရဲ့ အမည်ကိုတော့ ပြောမှာမဟုတ်ကြောင်းနဲ့ ထိုအမျိုးသားကလည်း သူ့အမည်ကို သိစေလိုမှာမဟုတ်ကြောင်း ဆိုင်ရှင် Brendan Ring က ဆိုပါတယ်။ ၎င်းနဲ့ ဝန်ထမ်းတွေဟာ ယခုကဲ့သို့ အလွန်ထူးခြားတဲ့ ကြင်နာရက်ရောမှုအတွက် ကျေးဇူးတင်နေကြတယ်လို့လည်း Brendan Ring က ဖွင့်ဟခဲ့ပါတယ်။

အမေရိကန်မှာ COVID-19 ကူးစက်မှုတွေ လတ်တလော မြင့်တက်နေပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာ နိုင်ငံတစ်ဝန်း ကူးစက်ခံရသူ ၁၂ သန်းကျော်လွန်လာခဲ့ကာ သေဆုံးသူလည်း ၂၅၅,၀၀၀ ကျော်ရှိလာပါတယ်။ အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

(Photo: Kena Betancur/AFP)

ကူးစက်မှုတွေ မြင့်တက်နေတဲ့ အမေရိကန်မှာ လာမယ့် ကျေးဇူးတော်နေ့ (Thanksgiving) အားလပ်ရက်အတွင်း လူဦးရေ သန်းနဲ့ချီ ခရီးထွက်ကြရန် စီစဥ်ထားကြရာ ကူးစက်မှုတွေ ပိုမိုမြင့်တက်လာနိုင်မှုအပေါ် စိုးရိမ်နေပါတယ်။ လတ်တလော COVID-19 ကူးစက်မှုတွေ မြင့်တက်နေမှုကြောင့် အမေရိကန် ပြည်နယ် ၂၀ ထက်မနည်းမှာ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်များ သတ်မှတ်ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က