ရဟတ်ယာဥ်ဖြင့် သိုးအကောင်ရေကို လိုက်လံရေတွက်နေစဥ် ထူးဆန်းနေတဲ့ သတ္တုတိုင်ကြီးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ယူတားပြည်နယ် သဲကန္တာရထဲမှာ စိုက်ထူထားတဲ့ ပဟေဠိဆန်ဆန် သတ္တုတိုင်ကြီးတစ်ချောင်းကို ရဟတ်ယာဥ်မှူးအဖွဲ့က တွေ့ရှိခဲ့ကြရာ ဒေသဆိုင်ရာ အာဏာပိုင်တွေ အံ့အားသင့်ပြီး ဝေခွဲမရဖြစ်ခဲ့ကြပါတယ်။

(Photo: Utah Department of Public Safety)

တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ရှိသူတွေက ယူတားပြည်နယ် အရှေ့တောင်ပိုင်း အစွန်အဖျားဒေသမှာ ရဟတ်ယာဥ်ဖြင့်ပျံသန်းပြီး ထိုဒေသတစ်ဝန်း နေထိုင်ကျက်စားကြတဲ့ သိုးအကောင်ရေကို လိုက်လံရေတွက်နေစဥ် ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေတဲ့ သတ္တုတိုင်းကြီးတစ်ခုကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ သတ္တုတိုင်ပြီးကို အနီးရောင်ကျောက်တုံးကြား မြေပြင်မှာ စိုက်ထူးထားတာ တွေ့ရပါတယ်။



သတ္တုကျောက်တိုင်ကြီးကို မည်သူက စိုက်ထူထားခဲ့ကြောင်း သဲလွန်စမတွေ့ရဘဲ သတ္တုတိုင်ကြီးဟာ ၁၀ ပေကနေ ၁၂ ပေ မြင့်မားကြောင်း သိရပါတယ်။ "အဲဒီနေရာတစ်လျှောက် ကျွန်တော် ပျံသန်းလာခဲ့တဲ့ နှစ်တွေထဲမှာ ဒါက အထူးဆန်းဆုံးအရာပဲ" လို့ ရဟတ်ယာဥ်မှူး Bret Hutchings က KSLTV နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

(Photo: Utah Department of Public Safety)

၎င်းက သဲကန္တရနေရာတစ်လျှောက် သိုးတွေကို ရဟတ်ယာဥ်ဖြင့် လိုက်လံရေတွက်စဥ် သတ္တုတိုင်ကြီးကို ပထမဆုံး တွေ့ရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သတ္တုတိုင်ကြီးကို အနုပညာရှင်သစ်အချို့ သို့မဟုတ် ၁၉၈၆ ခုနှစ်မှာထွက်ရှိခဲ့တဲ့ 2001: A Space Odyssey ရုပ်ရှင်ဇာတ်ကားပရိသတ်တစ်ဦးက စိုက်ထူထားရှိခဲ့တာဖြစ်နိုင်တယ်လို့ Bret Hutchings က ခန့်မှန်းခဲ့ပါတယ်။

စာရေးဆရာ Arthur C Clarke ရဲ့ ဝတ္တုကို အခြေခံပြီး ဒါရိုက်တာ Stanley Kubrick ရိုက်ကူးထားတဲ့ 2001: A Space Odyssey ရုပ်ရှင်ထဲမှာ ဂြိုဟ်သားတစ်ကောင်က အနက်ရောင်ကျောက်တိုင်ကြီးကို ဖန်တီးပြုလုပ်ခဲ့ပါတယ်။ ယခု သတ္တုတိုင်ကြီးနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လိုအပ်ခြင်းရှိ မရှိ အာဏာပိုင်တွေက ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။

(2001: A Space Odyssey ရုပ်ရှင်ဇာတ်ဝင်ခန်း) (Photo: Sky News)

အများပြည်သူဆိုင်ရာ မြေတွေပေါ်မှာ ထိုသို့ လုပ်ဆောင်ခြင်းဟာ တရားမဝင်ဘဲ ဥပဒေချိုးဖောက်ခြင်းဖြစ်ကြောင်း Utah Department of Public Safety Aero Bureau က ပြောပါတယ်။ အဆိုပါဌာနက သတ္တုတိုင်ကြီး စိုက်ထူထားမှု တွေ့ရှိရတဲ့ နေရာအတိအကျကို မထုတ်ပြန်ခဲ့ဘဲ လက်ရှိအချိန်အထိ ထိုတိုင်ကြီးကို စိုက်ထူထားရှိခဲ့ကြောင်း ထုတ်ဖော်ပြောလာသူလည်း မရှိသေးပါဘူး။

.



က္က