Whizdom 101 အဆင့်မြင့်အိမ်ရာ စီမံကိန်းမှာ လူနေတိုက်ခန်းများ၊ စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းများ ပါဝင်ပါတယ်။
Ko John
Sponsored bylogo


နိုင်ငံတကာ အိမ်ခြံမြေ အကျိုးဆောင် SQFT Global Properties က ဇူလိုင်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် စီစဉ်ကျင်းပခဲ့တဲ့ ဘန်ကောက် အိမ်ရာပြပွဲ “Whizdom 101” ကို စိတ်ပါဝင်စားတဲ့ ရင်းနှီးမြုပ်နှံသူနဲ့ မိသားစု (၁၂၀)ကျော် လာရောက်လေ့လာခဲ့ကြပြီး ဘန်ကောက် အိမ်ခြံမြေဈေးကွက် အပေါ် အမှန်တကယ် စိတ်ဝင်စားမှုရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ပြပွဲမှာ Whizdom 101 အဆင့်မြင့် အိမ်ရာစီမံကိန်းမှ တာဝါ (၃)ခုအနက်မှ တစ်ခုဖြစ်တဲ့ Whizdom Connect တာဝါရှိ ကွန်ဒိုတိုက်ခန်းများကို ပြသရောင်းချခဲ့ပါတယ်။ Whizdom 101 အဆင့်မြင့်အိမ်ရာ စီမံကိန်းမှာ လူနေတိုက်ခန်းများ၊ စီးပွားရေးလုပ်ငန်းသုံး ရုံးခန်းများနဲ့ ကောင်းမွန်တဲ့ လူနေမှုဝန်းကျင်တို့ကို ရောနှောစုစည်း တည်ဆောက်ထားတဲ့ အဆင့်မြင့် အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ပါတယ်။



“Whizdom 101 စီမံကိန်းဟာဆိုရင် လျှင်လျှင်မြန်မြန် တိုးတက်ပြောင်းလဲနေတဲ့ ဘန်ကောက်မြို့ပေါ်မှာ ခေတ်မှီပြီး တကယ့်ကို ရှေ့ပြေးဖြစ်တဲ့ စီမံကိန်းတစ်ခုပါပဲ။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အရမ်းကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကို မျှော်လင့်ထားတဲ့အတိုင်း ရရှိခဲ့ပါတယ်။ အခု ဒီစီမံကိန်းနဲ့ ဘန်ကောက် အိမ်ခြံမြေဈေးကွက် အကြောင်းကို ကဏ္ဍစုံက ရင်းနှီးမြုပ်နှံသူတွေ ပိုမိုနားလည်နိုင်စေဖို့ သူတို့ သွားရောက်လည်ပတ်ကြည့်ရှုနိုင် အောင်လည်း ကျွန်မတို့ စီစဉ်ဆောင်ရွက်နေပါတယ်” လို့ SQFT Global Properties ရဲ့ မြန်မာနိုင်ငံ ဌာနေဒါရိုက်တာ မနှင်းအိလွင်က ပြောသည်။


ဘန်ကောက် အိမ်ရာပြပွဲကို လာရောက်လေ့လာခဲ့တဲ့ မိသားစုများနဲ့ ရင်းနှီးမြုပ်နှံသူတွေကို အထူး စိတ်ဝင်စားစေတဲ့ အဓိက အကြောင်းရင်းတစ်ခုမှာ ဘန်ကောက်မြို့ဟာ ရန်ကုန်မြို့လယ်မှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ ဘက်စုံအထူးကုဆေးရုံ “ဘန်ရန်ဂရက် နိုင်ငံတကာ ဆေးရုံ” ရဲ့ အခြေစိုက်ရာ ဖြစ်တာကြောင့်လို့ ဆိုပါတယ်။

ပထမအကြိမ် ပြုလုပ်ခဲ့တဲ့ ဘန်ကောက်အိမ်ရာပြပွဲဟာ တုံ့ပြန်မှုကောင်းများ ရရှိခဲ့တာကြောင့် SQFT Global Properties အနေဖြင့် မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံတကာ အိမ်ခြံမြေပြပွဲ ၄ ပွဲ ထပ်မံပြုလုပ်ရန် စီစဉ်ထားတယ်ကြောင်း သိရပါတယ်။

 

 

 


ဆက်စပ်အကြောင်းအရာများ


Author


က္က