သက်တမ်းရင့်လေ၊ ရင့်မှည့်လေ၊ ပိုကောင်းလေ
Phyo Min Thant
Sponsored bylogo
 

ပြင်သစ်နိုင်ငံမှာစတင် လူသိများထင်ရှားခဲ့တဲ့ Cabernet Sauvignon စပျစ်ဝိုင်နီဟာ အခုအခါမှာ ဝိုင်ကိုနှစ်နှစ်ခြိုက်ခြိုက် သောက်ကြတဲ့ ကမ္ဘာ့နိုင်ငံတွေမှာလူကြိုက်အများဆုံး ဝိုင်နီအမျိုးအစားတစ်ခု ဖြစ်လို့နေပါပြီ။ Jacob's Creek ရဲ့ Cabernet Sauvignon စပျစ်ဝိုင်နီဟာဆိုရင်လည်း ဧည့်သည်တွေကိုတည်ခင်းဧည့်ခံဖို့ စိတ်ချ၊လက်ချရွေးချယ်နိုင်တဲ့ဝိုင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဝိုင်ဟာဆိုရင် အမဲသားကင်၊ သိုးခြေထောက်ကင်တို့လို ဟင်းပွဲတွေနဲ့အထူးလိုက်ဖက်ပြီး ကိုယ့်အကြိုက် ဟင်းပွဲတွေနဲ့လည်း တွဲဖက်စားသုံးကြည့်နိုင်မယ့် ဝိုင်မျိုးပဲဖြစ်ပါတယ်။ Jacob's Creek Cabernet Sauvignon စပျစ်ဝိုင်နီ ရဲ့အားသာချက် ၅ ချက်ကို ဖော်ပြရမယ်ဆိုရင်တော့ -

(၁) စိုက်ပျိုးသူတွေအကြိုက်

Cabernet Sauvignon စပျစ်မျိုးဟာ မြေအမျိုးအစားမရွေး၊ ပတ်ဝန်းကျင်မရွေးမှာစိုက်ပျိုးနိုင်တဲ့ စပျစ်မျိုးဖြစ်တာကြောင့် စိုက်ပျိုးသူတွေရဲ့အကြိုက်အမျိုးအစားဖြစ်ပြီး ကြမ်းတမ်းတဲ့မြေနဲ့ရာသီဥတုဝန်းကျင်မှာတောင် ရှင်သန်နိုင်ပါတယ်။

(၂) သောက်သုံးသူတွေအကြိုက်

ဘယ်ဒေသ၊ ဘယ်ပတ်ဝန်းကျင်မှာစိုက်ပျိုးထားပါစေ နောက်ဆုံးဝိုင်အဆင့်ကိုရောက်ရှိတဲ့အချိန်မှာ Cabernet Saugvignon စပျစ်ဝိုင်နီရဲ့အရသာနဲ့ဂုဏ်သတ္တိဟာပျက်ယွင်းသွားမှာ မဟုတ်ပါဘူး။ ပူတဲ့ဒေသကထွက်တဲ့ Cabernet Saugvignon နဲ့ အေးတဲ့ဒေသထွက် Cabernet Saugvignon တို့အကြားမှာ အနံ့၊အရသာပိုင်းအနည်းငယ်ကွဲပြားမှုရှိ နိုင်ပေမယ့် ဒီဝိုင်ရဲ့သစ်သီးအရသာကဲပြီး ထူးခြားကောင်းမွန်တဲ့အရသာကတော့ ကွာခြားသွားမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဝိုင်ချစ်သူတွေရဲ့အကြိုက်ဆုံးဝိုင်တစ်မျိုးဖြစ်နေတာပါ။

 

(၃) သက်တမ်းရင့်လေ၊ ရင့်မှည့်လေ၊ ပိုကောင်းလေ

Cabernet Saugvignon ရဲ့ ကောင်းမွန်တဲ့ဂုဏ်အင်္ဂါတွေထဲမှာ ဒီအချက်ကလည်း တစ်ချက်အနေနဲ့ပါဝင်ပါတယ်။ ပုံမှန်ဝိုင်တွေဟာ နည်းမှန်လမ်းမှန်သိုလှောင်မယ်ဆိုရင် ၁၀ နှစ်သက်တမ်းအထိခံပြီး ပိုကောင်းတဲ့ဝိုင်တွေက ၁၅ နှစ်ထိခံပေမယ့် သြစတြေးလျရဲ့အရည်အသွေးမြင့် Jacob's Creek Cabernet Saugvignon စပျစ်ဝိုင်နီကတော့ နှစ်ပေါင်း ၂၀ ထိခံပြီး သက်တမ်းရင့်လေ၊ ရင့်မှည့်လေ၊ ပိုကောင်းလေပါပဲ။

(၄) အရသာပေါ်လွင်တဲ့အစားအစာတွေနဲ့ လိုက်ဖက်

Cabernet Saugvignon စပျစ်ဝိုင်နီဟာ အရသာလေးနက်ပေါ်လွင်တဲ့ဝိုင်မျိုးဖြစ်တာကြောင့် အရသာပေါ်လွင်တဲ့ အစားအစာတွေနဲ့တွဲဖက်သုံးဆောင်လို့ရပါတယ်။ အဲဒီလိုအရသာပေါ်လွင်တဲ့ အမဲသား၊သိုးသားကင်တွေ၊ အချဉ်တွေ လို အစားအစာတွေနဲ့တွဲဖက်သုံးဆောင်တဲ့အတွက်လည်း ဝိုင်ရဲ့အရသာကလျော့သွား၊ပျော့သွားမှာ မဟုတ်ပါဘူး။

(၅) သြစတြေးလျရဲ့ကိုယ်ပိုင်အရသာ

Jacob's Creek Cabernet Saugvignon စပျစ်ဝိုင်နီဟာ သြစတြေးလျတောင်ပိုင်း မြေစေးနီကြွယ်ဝတဲ့နုန်းမြေတို့ပေါ်မှာ စိုက်ပျိုးထုတ်လုပ်ထားတဲ့အတွက် အခြား Cabernet Saugvignon စပျစ်ဝိုင်နီတွေနဲ့မတူဘဲ ထူးခြားတဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။


Author


က္က