တည်ငြိမ်ပြီးအသီးအရသာကဲတဲ့ Chardonnay ဝိုင်ကို နှစ်သက်သူတွေများလှပါတယ်။
Phyo Min Thant
Sponsored bylogo
 

Chardonnay စပျစ်ဝိုင်ဟာ အစားအသောက်မရွေးဘဲ အရသာအမျိုးမျိုးနဲ့လိုက်ဖက်တာကြောင့် ကမ္ဘာတဝမ်းလူကြိုက်များ လှတဲ့ဝိုင်အမျိုးအစားပါပဲ။ သြစတြေးလျကနေအဓိကထုတ်လုပ်ပြီး တည်ငြိမ်ပြီးအသီးအရသာကဲတဲ့ Chardonnay ဝိုင်ကို ပြီးခဲ့တဲ့ ၁၀နှစ်တာအတွင်းမှာ လူတွေကစပြီးသတိပြုမိလာကြကာ နှစ်သက်သူတွေတိုးပွားလာတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့မူလပေါက်ဖွားရာဒေသရဲ့ သရုပ်သကန်အတိုင်းပဲ Chardonnay ဝိုင်တွေဟာ ဝိုင်ဖောက်လုပ်ပုံနည်းလမ်းအမျိုးမျိုး ကနေ ထွက်ပေါ်လာတဲ့ ဝိုင်အမျိုးအစားအမျိုးမျိုးရှိလို့နေပါတယ်။ ဒီ Chardonnay ဝိုင်တွေထဲကမှ လူကြိုက်အများဆုံး Jacob's Creek ရဲ့ Chardonnay ဝိုင်တွေအကြောင်းကို ဗဟုသုတအဖြစ်ဖော်ပြပေးပါရစေ။

Jacob's Creek Reserve Chardonnay

ဒီဝိုင်ကို Adelaide တောင်ကုန်းတွေမှာစိုက်ပျိုးတဲ့ စပျစ်သီးတွေကနေဖောက်လုပ်ထားတာပါ။  ဒီအေးမြတဲ့တောင်ကုန်း ဒေသရဲ့ရာသီဥတုကြောင့် စပျစ်သီးတွေဟာ လတ်ဆတ်တဲ့အချဉ်ဓါတ်အပြည့်အဝပါဝင်လို့နေပါတယ်။ ဒါကြောင့် ဒီဝိုင်မှာ လတ်ဆတ်တဲ့သစ်သီးအရသာအပြည့်အဝနဲ့ ဝက်သစ်ချသားစည်တွေရဲ့ သစ်ကတိုးနံ့သင်းသင်းလေးရဲ့ လိုက်ဖက်တဲ့အရသာကို ရှာဖွေတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။

 

Jacob's Creek Barossa Signature Chardonnay

ဝိုင်ထုတ်လုပ်ရာမှာနာမည်ကျော်လှပြီး ၁၈၄၇ ခုနှစ်ကတည်းက Jacob's ရဲ့ဇာတိမြေလည်းဖြစ်တဲ့ Barossa တောင်ကြား ဒေသရဲ့ဂုဏ်ကိုဆောင်တဲ့ ဒီဝိုင်ဟာ သခွားမာသီး နဲ့ရှောက်သီးတို့ရဲ့ ရနံ့နဲ့အရသာကိုပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ Borossa တောင်ကြားရဲ့အနိမ့်ပိုင်းဒေသ စပျစ်ခြံတွေက အရည်ရွှမ်းပြီးရင့်မှည့်လှတဲ့သစ်သီးတွေနဲ့ Eden တောင်ကြားရဲ့ အမြင့်ပိုင်းဒေသခြံတွေက အနံ့အရသာပြည့်စုံလှတဲ့ ပန်းသီးတွေကိုပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် သူမတူအောင် လတ်ဆတ်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။

Cool Harvest Unoaked Chardonnay

အပူချိန်အနိမ့်ဆုံးအချိန်ရောက်နေတဲ့ ညအချိန်ရဲ့အအေးဓါတ်ထဲမှာ ဆွတ်ခူးထားတဲ့ အသီးတွေဟာနူးညံ့ပြီးလတ်ဆတ် လှတဲ့ အနံ့အရသာနဲ့ပြည့်စုံပါတယ်။ အဲဒီလိုညအချိန်မှာလတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားတဲ့ သခွားမာသီး၊ နာနတ်သီး နဲ့ ရှောက်သီးတို့ကိုပေါင်းစပ်ရာကနေရရှိလာတာကတော့ စည်နဲ့မဖောက်ဘဲ ဂန္တဝင်ဆန်လှတဲ့ Chardonnay ဝိုင်ပါပဲ။


Author


က္က