ရိုးရိုးရှင်းရှင်းနဲ့သန့်စင်ပြီးအရသာထူးကာ အနုပညာဆန်တဲ့ဂျပန်အစားအစာကိုကမ္ဘာတဝမ်းလူကြိုက်များပါတယ်။
Phyo Min Thant
Sponsored bylogo

JC Nov Article 01.png 

ဂျပန်စားသောက်ဆိုင်ကောင်းကောင်းမှာ သွားစားတဲ့အခါမှာပဲဖြစ်ဖြစ် အိမ်မှာ ဂျပန်စာလေးတွေကိုယ်တိုင်လုပ်စားတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် ကိုယ်စားတဲ့ဂျပန်အစားအစာနဲ့ လိုက်ဖက်မယ့်ဝိုင်ကိုရွေးချယ်သုံးဆောင်မယ်ဆိုရင် ပိုမိုပြီးအရသာပြည့်စုံကောင်းမွန်သွားမှာပါ။ ဒါကြောင့် ဂျပန်အစားအစာတွေနဲ့လိုက်ဖက်မယ့် ဝိုင်ကိုရွေးချယ်နိုင်မယ့် လမ်းညွှန်ချက်လေးတွေအကြံပြုချင်ပါတယ်။

၁။ White Sashimi နဲ့ White Wine

ရိုးရိုးရှင်းရှင်းနဲ့သန့်စင်ပြီးအရသာထူးကာ အနုပညာဆန်တဲ့ဂျပန်အစားအစာ Sashimi ကိုကမ္ဘာတဝမ်းလူကြိုက်များပါတယ်။ အဖြူရောင်ငါးတွေရဲ့အရသာကဲတဲ့ White Sashimi ကို အချဉ်ဓါတ်ခပ်ပျော့ပျော့နဲ့ White Wine တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်သင့်ပါတယ်။ Riesling ဒါမှမဟုတ် Reserve Chardonnay ဝိုင်တို့နဲ့တွဲဖက်သုံးဆောင် ကြည့်ဖို့ အကြံပေးချင်ပါတယ်။

၂။ Red Sashimi နဲ့ Red Wine

များသောအားဖြင့် တူနာငါးပါဝင်တတ်ပြီး အနီရောင်သမ်းတဲ့ငါးနဲ့ လုပ်လေ့ရှိတဲ့ Red Sashimi ဟာအရောင်စိုပြီး အနံ့ပြင်းတဲ့ ဝိုင်နီတွေနဲ့လုံးဝလိုက်ဖက်ပါတယ်။ Shiraz Cabernet လိုဝိုင်နီမျိုးကို အရွေးချယ်သင့်ဆုံးပါ။ Grenache-dominant အရော ဒါမှမဟုတ် Valpollicella ၊ Barbera တို့လို ခပ်ပျော့ပျော့ဥရောပဝိုင်နီတွေနဲ့လည်း တွဲဖက်သုံးဆောင် နိုင်ပါတယ်။

၃။ ဂျပန်ပဲငံပြာရည် နဲ့ White Wine

ပဲငံပြာရည်ဆိုတာက အာရှရဲ့အဓိကစားသောက်ကုန်တစ်မျိုးပါ။အရသာကတော့ နိုင်ငံအလိုက်နည်းနည်းစီကွဲပြားမှု ရှိပါတယ်။ ဂျပန်ပဲငံပြာရည်ကနည်းနည်းကျဲပြီးပေါ့တော့ အရသာသိမ်မွေ့တဲ့ဟင်းလျာတွေနဲ့တွဲဖက်စားသုံးတတ်ပြီး White Wine ကောင်းကောင်းနဲ့လိုက်ဖက်ပါတယ်။ Sparkling Wine (white ဖြစ်ဖြစ်၊ Rose ဖြစ်ဖြစ်) နဲ့လိုက်သလို Pinot Gris နဲ့လည်းလိုက်ပါတယ်။

 

၄။ Chicken Yakitori နဲ့ White Wine

Yakitori ဆိုတာလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းက လူကြိုက်များတဲ့ ဂျပန်စားမြိန်ဟင်းလျာပါပဲ။ Yakitori ဆိုတာက ကြက်သားကို တံဆို့နဲ့ထိုးပြီး ဆာကေး၊ပဲငံပြာရည်၊ သကြားတို့ရောထားတဲ့ ဆော့စ်သုတ်လိမ်းပြီး ကင်ထားတဲ့ appetizer တစ်မျိုးပါ။ သူနဲ့လိုက်ဖက်တာကတော့ Chardonnay ဒါမှမဟုတ် White Blend ဝိုင်မျိုးတွေပါ။

၅။ Wagyu Beef နဲ့ Red Wine

Wagyu ဆိုတဲ့ဂျပန်အမဲသားဟာ အရောင်အဆင်း၊အနံ့အရသာ ကြွယ်ဝလတ်ဆတ်မှုကြောင့် နာမည်ကြီးပါတယ်။ အနီရောင်ရှိတဲ့အသားရဲ့ အရသာအပြည့်အဝပါဝင်ပြီး လိုက်ဖက်မယ့်ဝိုင်ကောင်းကောင်းနဲ့တွဲဖက်သုံးဆောင်ဖို့ လိုပါတယ်။ အရသာပေါ်လွင်တဲ့ Merlot ၊ ဒါမှမဟုတ် ဝက်သစ်ချနံ့သင်းတဲ့ Cabernet Sauvignon နဲ့ Tempranillo ဝိုင်တွေကို ရွေးချယ်နိုင်ပါတယ်။

Jacob's Creek မိတ်ဆက်

Jacob's Creek ဟာ ဂျပန်ဝိုင်ဈေးကွက်အတွက် ဂျပန်အစားအစာတွေနဲ့အထူးလိုက်ဖက်တဲ့ ဝိုင်ဖြူ၊ ဝိုင်နီတွေကို ထုတ်လုပ်ထားပါတယ်။

Jacob’s Creek Reserve Chardonnay ကို white-fish sashimi ၊ crustaceans၊ Japanese dango fishballs၊ chicken yakitori တို့လိုဟင်းလျာတွေနဲ့ ပဲငံပြာရည်ကဲတဲ့ဟင်းလျာအရသာတွေနဲ့တွဲဖက်သုံးဆောင်ရင် လိုက်ဖက်လှပါတယ်။

Jacob’s Creek Reserve Cabernet Sauvignon ကိုလည်း Jacob's Creek ရဲ့ ဝိုင်ထုတ်လုပ်မှုအကြီးအကဲ ဘားနက်ဒ်ဟစ်ကင်က အရည်ရွှမ်းတဲ့သစ်သီးတွေရောစပ်ထားပြီး ထူးကဲတဲ့ရနံ့တွေနဲ့ ဖန်တီးထားတဲ့ဒီဝိုင်ဟာ ဂျပန်ဟင်းလျာတွေမှာတွေ့ရတတ်တဲ့ အရသာသိမ်မွေ့ပြီးအရည်ရွှမ်းမှုနဲ့ အလွန်တရာလိုက်ဖက်တယ်လို့ ထောက်ခံချက်ပေးထားပါတယ်။

ဒီဝိုင်ကို Wagyu Beef နဲ့တွဲဖက်သုံးဆောင်ဖို့ကိုလည်း အထူးပဲအကြံပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က