ပိုက်ဆံအပေးအယူလုပ်ရာကနေတဆင့်လည်း ကူးစက်နိုင်တယ်လို့ WHO ကကြေညာထားတော့ ပိုက်ဆံကိုင်သုံးစွဲမှုကို လျှော့ချဖို့လည်းလိုအပ်လာပြန်ပါတယ်။
Sponsored bylogo

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကူးစက်မြန်အဆုတ်ရောင်ရောဂါ COVID-19 ဗိုင်းရပ်စ်ဂယက်ကြောင့် အခုဆို လူသားတွေဟာ အိမ်ထဲကအိမ်အပြင်ထွက်ခွင့်ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ခံထားရပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ ပြန်လည်ကောင်းမွန်လာဖို့အတွက် တဖက်က ကြိုးပမ်းနေရသလို တဖက်ကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ဖို့အတွက် လူသားတွေဟာ လူအချင်းချင်းတွေ့ဆုံမှုတွေကို ရှောင်ရှားနေရပါတယ်။ 

ရောဂါကာကွယ်ဖို့အတွက် အိမ်ထဲမှာနေရတယ်ဆိုပေမယ့် လူမှုဘဝက ရပ်တန့်မရတဲ့ ကိစ္စရပ်တွေကိုတော့ ဖြေရှင်းနေရဆဲပါ။ နေ့စဉ်စားဝတ်နေရေးနဲ့ အသုံးအဆောင်တွေဝယ်ယူဖို့အတွက် ငွေကြေးသုံးစွဲမှုတွေကိုလည်း လုပ်နေရဆဲပါ။ 

ခက်တာက COVID-19 ဗိုင်းရပ်စ်က ပိုက်ဆံအပေးအယူလုပ်ရာကနေတဆင့်လည်း ကူးစက်နိုင်တယ်လို့ WHO ကကြေညာထားတော့ ပိုက်ဆံကိုင်သုံးစွဲမှုကို လျှော့ချဖို့လည်းလိုအပ်လာပြန်ပါတယ်။ ဒီတော့ ကုန်ပစ္စည်းတွေဖလှယ်ဖို့အတွက် ဘာကိုသုံးကြမလဲ။ Digital ခေတ်မှာတော့ Mobile Money လို့ခေါ်တဲ့ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ App တွေသုံးပြီး ငွေရှင်းတာမျိုးတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါပြီ.. 

Digital ငွေကြေးသုံးစွဲမှုရဲ့အားသာချက်

ဒီနေ့ေခတ်မှာ မြန်မာနိုင်ငံက ဘဏ်တွေက Customer တွေအတွက် လွယ်ကူလျှင်မြန်တဲ့ ငွေကြေးသုံးစွဲမှုတွေရရှိနိုင်ဖို့ နည်းပညာကို အသုံးချပြီး Online Banking System တွေကို ဖန်တီးလာကြပါတယ်။ မိုလ်ဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ ဈေးဝယ်တာကနေစပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ငွေပေးချေမှုက အစ လွယ်ကူလျှင်မြန်စွာ သုံးစွဲနိုင်ပါတယ်။ကိုယ်ချိတ်ဆက်သုံးစွဲနေတဲ့ ဘဏ်ရဲ့ Mobile Application တွေကို ကိုယ့်ဖုန်းထဲမှာ ဒေါင်းလော့ဒ်လုပ်ထားပြီး အစားအသောက်မှာယူနိုင်တယ်၊ ဈေးဝယ်နိုင်တယ်၊ အင်တာနက်နဲ့ဖုန်းဘေလ်အပါအဝင် ရေခွန်/မီးခွန်လိုမျိုးကအစ နေအိမ်ကနေအပြင်မထွက်ပဲ ပေးဆောင်နိုင်ပါတယ်။ ဒါ့အပြင် လုံခြုံစိတ်ချရမှု၊ လွယ်ကူလျှင်မြန်မှု၊ ၂၄နာရီ ၇ရက်လုံးအသုံးပြုနိုင်မှုတွေကလည်း သုံးစွဲသူတွေကို စွဲဆောင်စရာအချက်တွေပါ။ အခုနောက်ပိုင်းမှာဆိုရင် လူငယ်တွေ သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ အခပေးရုပ်သံလိုင်းတွေဝယ်ယူကြည့်ရှုတာအထိကို Online ကနေ ငွေပေးချေမှုတွေလုပ်လာနိုင်တာကိုတွေ့ရပါတယ်။ 

မြန်မာ့ Online Banking System ကို ဦးဆောင်နေတဲ့ ကမ္ဘောဇဘဏ်

မြန်မာနိုင်ငံမှာ ကမ္ဘောဇဘဏ်ကတော့ Online Banking System ကို စိတ်အချရဆုံးနဲ့ သုံးစွဲရအလွယ်ကူဆုံး နည်းပညာအမြင့်မားဆုံးနဲ့ ဝန်ဆောင်မှုပေးနေတဲ့ ထိပ်တန်းဘဏ်တွေထဲကတစ်ခုပါ။ နောက်ပိုင်းမှာလည်း သုံးစွဲသူ Customer တွေအတွက် မိုလ်ဘိုင်းဖုန်းပေါ်ကနေ အလွယ်တကူ ငွေပေးချေနိုင်တဲ့ KBZPay ကို ဖန်တီးခဲ့ပါတယ်။ ၂၀၁၈မှာ စတင်မိတ်ဆက်ခဲ့တဲ့ KBZPay mobile wallet stored App ဟာ လက်ရှိအချိန်အထိ ဒေါင်းလော့ဒ်လုပ်သုံးစွဲသူ ငါးသန်းကျော်အထိရှိနေပြီလို့သိရပါတယ်။ 


KBZ Pay က သင့်အတွက် ပိုက်ဆံအိတ်တစ်အိတ်လိုပါပဲ။ Shopping Mall တွေကနေ ရပ်ကွက်ထဲက ကုန်စုံဆိုင်လေးတွေအထိကို ပိုက်ဆံကိုင်စရာမလိုပဲငွေရှင်းနိုင်အောင် ဖန်တီးပေးထားပါတယ်။ ငွေကြေးသုံးစွဲမှုလုပ်ရာမှာလည်း လွယ်ကူရိုးရှင်းပါတယ်။ ကိုယ့်ရဲ့ မိုလ်ဘိုင်းဖုန်းထဲက KBZPay App ကိုသုံးပြီး QR Code ကို Scan ဖတ်ကာ ကိုယ်ဝယ်ယူမယ့် ကုန်ပစ္စည်းအတွက် အလွယ်တကူငွေပေးချေနိုင်ပါတယ်။ Online အနေနဲ့လည်း အစားအသောက်မှာယူမှုကစပြီး ကူးသန်းရောင်းဝယ်မှုတွေ၊ ပညာရေးနယ်ပယ်က ကိုယ်ပိုင်ကျောင်းတွေကိုပေးသွင်းရမယ့် ငွေကအစအသုံးပြုနိုင်ပါတယ်။ COVID-19 ရောဂါကာကွယ်ဖို့အတွက် အိမ်မှာနေချိန်မှာ ကိုယ့်မိသားစုရဲ့နေ့စဉ်လိုအပ်ချက်ကနေ လုပ်ငန်းတွေလည်ပတ်နိုင်ဖို့အထိကို KBZPay

 က ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ မိုလ်ဘိုင်းဖုန်းမှာ KBZPay App သာရှိနေမယ်ဆို အိမ်အပြင်ထွက်စရာမလိုပဲ ဇိမ်နဲ့နှပ်နေရုံပါပဲ။

COVID-19 ကြောင့် ပြောင်းလဲလာနိုင်တဲ့ ငွေကြေးသုံးစွဲမှု

COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံတွေရဲ့နယ်ပယ်အသီးသီးမှာ လူတွေရဲ့နေထိုင်မှုပုံစံကနေ လုပ်ငန်းလည်ပတ်ပုံအထိ ပြောင်းလဲမှုတွေရှိလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ အခြားသောပြောင်းလဲမှုတွေကိုတော့ လက်ရှိအချိန်မှာ ထင်ထင်ရှားရှားမမြင်ရသေးပေမယ့် အိမ်အပြင်ထွက်ခွင့် ဆုံးရှုံးနေချိန်မှာ လူတွေရဲ့ငွေကြေးသုံးစွဲမှုကတော့ သိသိသာသာပြောင်းလဲမှုတွေရှိနေတာမြင်တွေ့နေရပါတယ်။ 


အိမ်အပြင်မထွက်နိုင်တဲ့အတွက် Online သုံးပြီး အစားအသောက်အသုံးအဆောင်တွေဝယ်ယူနေရသလို Online ကနေပဲငွေကြေးသုံးစွဲမှုတွေပိုမိုမြင့်တက်လာနေပါတယ်။ ဒီလိုအချိန်မှာ ပိုက်ဆံကိုင်ဆောင်သုံးစွဲမှုကို လျော့ချပြီး KBZ Pay လို App မျိုးနဲ့ငွေသုံးစွဲတာက ပိုပြီး အန္တရာယ်ကင်းစေမှာပါ။ COVID-19 ရောဂါဂယက်ကြောင့် ငွေကြေးသုံးစွဲမှုပုံံစံတွေဟာ Digital ဘက်ကိုဦးတည်ပြောင်းလဲနေပြီး Digital ငွေကြေးသုံးစွဲမှုပိုမိုမြင့်မားလာဖွယ်ရှိနေတယ်လို့ အချက်အလက်တွေအရ သုံးသပ်မိပါတယ်။ 

Share

က္က