နေသွေးဦးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ဆီးဂိမ်းစ်ဆီမီးဖိုင်နယ်မှာ ပီတာဂေးခရစ်ကို အရေးနိမ့်ခဲ့သူပါ။

မြန်မာ့လက်ရွေးစင်နေသွေးဦးအနေနဲ့ ကွာတားဖိုင်နယ်မှာလည်း အင်ဒိုနီးရှားကစားသမားကို ၃ပွဲပြတ်အနိုင်ရရှိခဲ့သူပါ။

ကျင်းပလျက်ရှိတဲ့ English ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ဗီယက်နမ်ကစားသမား ထရန်လန်ထောင်ကို ၃ပွဲပြတ်အနိုင်ရခဲ့တဲ့ မြန်မာကစားသမားနေသွေးဦး အနေနဲ့ နောက်ဆုံးဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

နေသွေးဦးအနေနဲ့ အခုနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ဘိုင်အနေအထားအရ ကွာတားဖိုင်နယ်အဆင့်က စတင်ယှဉ်ပြိုင် ကစားခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲတိုင်းကို ၃ပွဲပြတ်အနိုင်ရခဲ့ခြင်းနဲ့အတူ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ်။



“ ပြင်ဆင်ခဲ့တဲ့အတိုင်း ဗိုလ်လုပွဲအဆင့်ကိုရောက်လာခဲ့ပြီ။ ရလဒ်ကောင်းရမယ်လို့လည်း ယုံကြည်တယ်။ ကမ္ဘာ့ ချန်ပီယံ၊ ဆယ်စုနှစ်တစ်ခုကြာ ဆီးဂိမ်းစ် ၅ကြိမ်ဆက်ချန်ပီယံ ပီတာကို ရင် ဆို င် ရတော့မယ်။ သူ့ကိုရင်ဆိုင်ေ ကျာ်ဖြတ်ဖို့အတွက်လည်း ပြင်ဆင်လာခဲ့တဲ့အတွက် ယုံကြည်မှုအပြည့်ပါပဲ ” လို့ နေသွေးဦးက ပွဲအပြီးမှာ Duwun Sports ရဲ့မေးခွန်းကို ဖြေဆိုခဲ့ပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ English ဘိလိယက်ကစားနည်းမှာ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံထားရ တဲ့ စင်ကာပူက ပီတာဂေးလ်ခရစ်၊ မြန်မာနိုင်ငံက နေသွေးဦးတို့ ဗိုလ်လုပွဲ အ ဆင့်ကိုတက်ရောက်လာခဲ့ပေမယ့် ထိုင်းကစားသမားပရာပွတ်ကတော့ ကွာတားဖို်င်နယ်မှာ ဗီယက်နမ်ကစားသမားထရန်လန်ထောင်ကို ၃-၂ ရလဒ်နဲ့အရေးနိမ့်ခဲ့ပြီး ပြိုင်ပွဲကစောစီးစွာထွက် ခွာခဲ့ရတယ်လို့လည်းသိရပါတယ်။

ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ စင်ကာပူနိုင်ငံက ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ ပီတာဂေးခရစ်ကတော့ဆီးဂိမ်းစ်ပြို င်ပွဲရဲ့ ဆယ်စုနှစ်တစ်ခုတာအတွင်း English ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ တွေမှာ ၅ကြိမ်ဆက်တိုက်ချန်ပီယံဆု ရရှိထားခဲ့သူလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က