သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်သွားခဲ့တာပါ။
Pyae Phyo Thein

မြန်မာအသင်းဟာ နှစ်ပွဲကစားအပြီး ရမှတ်လေးမှတ်ရရှိသွားပြီဖြစ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးရယူထားနိုင်ခဲ့ပြီး လက်ကျန်ပွဲတွေအဖြစ် ကမ္ဘောဒီးယား၊ တီမောတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။


ဒီနေ့နေ့လည်ပိုင်းက ကစားခဲ့တဲ့ အိမ်ရှင်ဖိလစ်ပိုင်နဲ့ မြန်မာအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မြန်မာအသင်းဟာ နှစ်ပွဲကစားအပြီး ရမှတ်လေးမှတ်ရရှိသွားပြီဖြစ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးရယူထားနိုင်ခဲ့ပြီး လက်ကျန်ပွဲတွေအဖြစ် ကမ္ဘောဒီးယား၊ တီမောတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ဖိလစ်ပိုင်ကို အနိုင်ရရှိဖို့အတွက် ရုန်းကန်ခဲ့ရမှုတွေတော့ရှိခဲ့ပါတယ်။ အောင်ကောင်းမာန်ရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပခံခဲ့ရပြီး လူစားဝင်တိုက်စစ်မှူးဝင်းနိုင်ထွန်းရဲ့ သွင်းဂိုးကြောင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြပိုပေါ့ဗ်ကို ဗီယက်နမ်သတင်းထောက်က မေးမြန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။



မြန်မာအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် အနိုင်ရလဒ်တော့ရယူသွားနိုင်ခဲ့ပါတယ်။ ဒီအတွက် ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီး ဗီယက်နမ်နဲ့ တွေ့ဆုံမယ်ဆိုပါက လက်စားပြန်ချေနိုင်မှာလားလို့ ဗီယက်နမ်သတင်းထောက်က မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဆိုပါ မေးမြန်းမှုကိုတော့ ပိုပေါ့ဗ်က အခုလိုပဲ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

"ဖြစ်နိုင်ပါတယ်၊ ပြီးခဲ့တဲ့တစ်ပတ်ကမှ ကျွန်တော်တို့ ကစားခဲ့သေးပြီး ၂ဂိုးစီသရေကျခဲ့တာပါ၊ ဒါနဲ့ ဒီလိုမျိုးမေးရအောင် ဗီယက်နမ်က ဆီမီးဖိုင်နယ်ကို တက်သွားပြီမို့လို့လား၊ အုပ်စုတွင်းမှာ အင်ဒိုနီးရှားနဲ့ ထိုင်းတို့လို အသင်းကောင်းတွေရှိနေပါသေးတယ်၊ ထိုင်းကလည်း အသင်းကောင်းဖြစ်ပြီး သူတို့အနေနဲ့ ရှုံးပွဲကနေလည်း ပြန်လာနိုင်ပါသေးတယ်" လို့ ပိုပေါ့ဗ်က ပြန်လည်ပြီးတော့ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အုပ်စု (ခ)မှာတော့ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ လာအို၊ ဘရူနိုင်းတို့ ပါဝင်နေတာဖြစ်ပါတယ်။ ဗီယက်နမ်ကတော့ ပွဲဦးထွက်မှာ ဘရူနိုင်းကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ ထိုင်းအသင်းကတော့ အင်ဒိုနီးရှားကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ဆိုရင် လက်ကျန်ပွဲတွေကို ဂရုစိုက်ရတော့မှာလည်းဖြစ်ပါတယ်။


Author


က္က